အကြမ်းဖက်ဖြိုခွင်းမှုကြားက တောင်ကြီးမြို့စစ်အာဏာရှင်ကို ဆက်လက် ဆန္ဒထုတ်ဖော်နေ

အကြမ်းဖက်ဖြိုခွင်းမှုကြားက တောင်ကြီးမြို့စစ်အာဏာရှင်ကို ဆက်လက် ဆန္ဒထုတ်ဖော်နေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ စစ်အာဏာရှင်ဆန့်ကျင်သူများကို ရဲ၊စစ်သားများ အကြမ်းဖက်ဖြိုခွင်းမှုရှိသော်လည်း ယနေ့ (မတ်လ ၃ ရက်) မှာ ဆက်လက် ဆန္ဒထုတ်ဖော်နေကြောင်း သိရသည်။

ယမန်နေ့ (မတ် ၂)ရက်တွင် တောင်ကြီးမြို့ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော်သူများကို ရဲ၊စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှုရှိခဲ့ပြီး၊ ဆန္ဒထုတ်ဖော်လူငယ် ၂၀ဦး ကို ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။

သို့သော် ရဲ၊စစ်တပ်များ ရိုက်နှက်မှုများကြား တောင်ကြီး ပြည်သူများက ယနေ့ မနက်ပိုင်းတွင် စစ်အာဏာရှင်ကို ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့သော်ည်း ရဲစစ်တပ်များက လာရောက်ဖြိုခွင်းခြင်း ဖမ်းဆီးခြင်းမရှိခဲ့ပေ။

ဆန္ဒထုတ်ဖော်သူများသည် လမ်းမပေါ် မထွက်ရှိဘဲ ရပ်ကွက်ကြားအတွင်း ထိုင်းသပိတ်နှင့် တချို့ မှာ ရပ်ကွက်ထဲ လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း မြင်တွေ့ရသည်။

ရဲ၊စစ်တပ် အဖွဲ့ဝင်များက တောင်ကြီးမြို့ ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လမ်း တွင် အင်အားဖြည့်နေရာယူထားကြောင်း သိရသည်။

“ ဆန္ဒပြသူတွေ ကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ်လုံခြုံရေး ယူပြီး မထိခိုက်စေရန် ဆန္ဒထုတ်ဖော်သွားတယ်။ ဒီနေ့တော့ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး” ဟု ဆန္ဒထုတ်ဖော်သူ တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည် တဝှမ်းတွင်လည်း ယနေ့ (မတ် ၃)ရက်မှ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ပြီး၊ ရဲ၊စစ်သားများက ဖြိုခွင်းခြင်းမရှိခဲ့သော်လည်း တခြား မန္တလေး၊ မေမြို့၊ မုံရွာ၊မြင်းခြံများတွင် ရဲ၊စစ်တပ်မှ ဆန္ဒထုတ်ဖော်သည့် လူထုကို အကြမ်းဖက် ဖြိုခွင်းပြီး သေဆုံးသူ (၁၀)ဦးထက်မနည်းရှိကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...