အခွန်မဆောင်ရေး အတွက် ကျောင်းသားများ ထိုင်သပိတ် EPC ရုံးရှေ့ ပြုလုပ်

အခွန်မဆောင်ရေး အတွက် ကျောင်းသားများ ထိုင်သပိတ် EPC ရုံးရှေ့ ပြုလုပ်

တောင်ကြီး မြို့ နယ်လျှပ်စစ် အင်ဂျင်နီယာ (EPC) ရုံးရှေ့တွင် တောင်ကြီး တက္ကသိုလ် ကျောင်းသားလူငယ်များမှ ထိုင်သပိတ်ပြုလုပ်ကာ မီတာခ အခွန်မဆောင်ရေး ဆန္ဒပြတောင်းဆို မှုကြောင့် ငွေလက်ခံကောင်တာ ယာယီပိတ် ထားရကြောင်းသိရသည် ။

အဆိုပါကျောင်းသားလူငယ်များ အနေဖြင့် ယနေ့ (ဖေဖော်ဝါရီ ၂၄) ရက်မနက် ၈ နာရီခန့် ကစပြီး EPC ရုံးရှေ့တွင် ထိုင်သပိတ်ပြုလုပ်ကာ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အနေဖြင့် မီတာခ အခွန်လာဆောင်သည့်ပြည်သူများကို လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည် ။

ကျောင်းသားလူငယ်များအနေနှင့် “ကျွန်တော်တို့ကို ပစ်မယ့်ကျည်ဆံတွေအတွက် အခွန်ဆောင်ရမှာလား” ၊ “အခွန်မဆောင်ခြင်းဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ” ၊ ”အခွန်မဆောင်ခြင်းသည် CDM ကို အထောက်အကူဖြစ်သည်” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျှက် စစ်အာဏာသိမ်း အစိုရ ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည် ။

ယင်းသို့ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ ဆန္ဒပြကျောင်းသားလူငယ်များ အား EPC ရုံးရှေ့တည့်တည့် တွင် မနေကြရန် လမ်းတစ်ဖက်တွင်သာ ဆန္ဒပြရန် ပြောဆို ခဲ့ သောကြောင့်ကျောင်းသားများမှာ လမ်းအလည်ကျွန်းမျော တွင် ရပ်ကာ ဆက်လက် ကြွေးကြော်ဆန္ဒပြခဲ့ကြပြီး အနီးနားရှိ လက်ဖက်ရည်ဆိုင်များ မှ ပိတ်သိမ်း သွားသည် ကိုလည်းတွေ့မြင်ခဲ့ရသည် ။

EPC ရုံးအတွင်းတွင်လည်း စစ်သားများ ၊ ရဲများ ဖြင့် စောင့်ကြပ်လျှက်ရှိပြီး နေ့လည် ၁၂ နာရီတွင် ငွေလက်ခံကောင်တာ ယာယီပိတ် သိမ်းကြောင်း ဆိုင်းဘုတ်ထောင်ထားသည် ကို တွေ့မြင်ရပါသည် ။

တောင်ကြီး EPC ရုံးဝန်ထမ်းများ အချို့သည် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း CDM တွင်ပါဝင်လာသူများ ရှိပြီး လမ်းလျှောက်ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့ကြသည် ။ အဆိုပါ CDM တွင် ပါဝင်သောဝန်ထမ်းများကိုလည်း ဖမ်းဆီး အရေးယူမှုများ ရှိခဲ့ကြောင်း သိရှိရပါသည် ။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...