မူဆယ်မြို့ အတွင်း ပစ်ခတ်မှု ၂ဦးသေဆုံး

မူဆယ်မြို့ အတွင်း ပစ်ခတ်မှု ၂ဦးသေဆုံး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် ယနေ့ ( ဖေဖော်ဝါရီ ၂၄) မနက်ပိုင်း ၄နာရီ ခွဲကျော်၌ ပစ်ခတ်မှု ၂နေရာဖြစ်ပွားကာ အမျိုးသား ၂ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာများမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် အတွင်းရှိ တာမိုးညဲပြည်သူ့စစ်ပိုင်ဆိုင်သည့် ဟိုတယ်တွင် တနေရာ၊ ကောင်းမူတုံရပ်ကွက်ရှိ မြန်မာ့စစ်တပ် နေထိုင်သည့်နေရာ တနေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်ကတော့ ၂နေရာဖြစ်တယ်။ ဘယ်အဖွဲ့စည်းကသွားပစ်တာလဲ တော့မသိသေးဘူး။ အဲ့ဟိုတယ်က တာမိုးညဲပြည်သူ့စစ်တွေ ပိုင်တဲ့ ဟိုတယ်။ အဲ့မှာတော့ လောင်းကစားရုံရှိတယ်။ သေသွားတာက ကချင်တပ် (KIA) ၂ဦးလို့ကြားရတယ် ” ဟု မူဆယ်မြို့စွမ်စော်ရပ်ကွက် နေထိုင်သူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာမိုးညဲပိုင်သည့် ဟိုတယ်ကို ဝင်ရောက်ပစ်ခတ်ခြင်းသည် အခွန်(ဆက်ကြေး)ကိစ္စနှင့် ဆက်စပ်မှုရှိနိုင်ကြောင်းလည်း ၎င်းဒေသခံကပြောသည်။

ထိုပစ်ခတ်မှုသည် မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီး အသေးစိတ် အချက်အလက်ကို လည်း စုံစမ်းနေဆဲဟု သိရသည်။

လက်ရှိ မူဆယ်မြို့ ပြည်သူများလည်း တပ်မတော် မှ စစ်အာဏာသိမ်းယူမှုနှင့် ပတ်သက်ပြီး နေ့စဉ် နဲ့အမျှ ဆန့်ကျင် ဆန္ဒပြနေကြကြောင်းသိရသည်။

ထို့အပြင် မူဆယ်မြို့နယ် အတွင်းမှာလည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် မြန်မာ့စစ်တပ်တို့ကြား ဖေဖော်ဝါရီ ၂၀ရက်မှ စတင်ကာ ယနေ့ချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...