မိုင်းရှူးမြို့နယ်က ကျောင်းသူ (၃)ဦး စစ်အာဏာကို ဆန္ဒပြပြီး အပြန် ဖမ်းခံရ

မိုင်းရှူးမြို့နယ်က ကျောင်းသူ (၃)ဦး စစ်အာဏာကို ဆန္ဒပြပြီး အပြန် ဖမ်းခံရ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ် ဝမ်ကန်တောင်ပေါ် တွင် ယနေ့ (ဖေဖော်ဝါရီ ၂၂)ရက် ၂ငါးလုံး ပြည်လုံးကျွတ်စစ်အာဏာရှင် ဆန္ဒပြအပြန် ရဲတပ်ဖွဲ့ က ဆန္ဒပြ ကျောင်းသူ (၃) ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။

ထိုဖမ်းဆီးခံရသည့် ကျောင်းသူ (၃)ဦးသည် ၁၀တန်း အရွယ်သာရှိသေးပြီး၊ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒထုတ်ဖော်ပြီး အိမ်အပြန်လမ်းတွင် ဖမ်းဆီးခံရကြောင်း မိုင်းရှူးမြို့ ဝမ်ကန်တောင်ပေါ်ဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ကျောင်းသူ (၃) ဦးမှာ မခိုင်ရည်ဝင်း၊ မအေးနောင့် နှင့် မအိသဇင်ကျော် တို့ဖြစ်သည်။

“ အိမ်အပြန်လမ်းမှာ သူတို့(၃)ဦးကို ရဲတပ်ဖွဲ့က ခေါ်သွားပါတယ်။ ၁၀တန်းကျောင်းသူတွေပါ။ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ နောက်ဆုံးသိရသလောက်တော့ ၂ယောက်ကို လွှတ်ပေးပြီး တယောက်ကျန်သေးတယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ၎င်းနေရာမှာပဲ ဆန္ဒပြ ကျောင်းသူ ကျောင်းသား (၃) ဦးဖမ်းဆီးခဲ့ကြောင်းသိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း နှင့် ကာလိမြို့တို့တွင်လည်း စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူ (၃) ဦးကိုလည်း ဖမ်းဆီးထားပြီး ယနေ့ချိန်ထိ မလွှတ်မြောက်သေးကြောင်း သိရသည််

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...