မိုင်းပန်တွင် အရပ်သား တဦး ကျည်ထိမှန်သေဆုံး

မိုင်းပန်တွင် အရပ်သား တဦး ကျည်ထိမှန်သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း အစိုးရတပ်မတော် မှ တဖက်သတ် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ )ရက် ဥပုသ်နေ့ ဖြစ်သည့်အလျောက် မိုင်းပန်မြို့နယ်အတွင်းရှိ မိုက်ပုံကျေးရွာ နှင့်ဝမ်မုတ်ကျေးရွာကြားရှိ လွယ်ပန်းတုံးတောင်ပေါ်ရှိ ဘုရားစေတီအား ရွာသူရွာသားများက သွားရောက်ပူဇော်စဉ် အမျိုးသားတစ်ဦးက သေနတ်ထိမှန်သေဆုံးသွားခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ မနက် (၉ နာရီခွဲ)ကျော်တွင် တပ်မတော်မှ လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် အသက် (၂၅)နှစ်အရွယ်ရှိ ခွန်စု သည် သေနတ်ဒဏ်ရာရရှိပြီး လမ်းတွင်သေဆုံးခဲ့ကြောင်း မိုင်းပန်ဒေသခံ များပြောပြချက် အရသိရသည်။

“ဒေသခံ တစ်ဦး လက်နက်ထိမှန်ပြီးသေဆုံးသွားတာ ဟုတ်ပါတယ်။ တိုက်ပွဲတော့ မဟုတ်ဘူး တဖက်ပစ်အသံပဲ ကြားရပါတယ်” လို့ မိုင်းပန်ဒေသခံ တစ်ဦးကပြောပါသည်။

မိုင်းပန်မြို့နယ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြန်မာ့ တပ်မတော်တို့ လှုပ်ရှားရာဒေသဖြစ်သည်။

လက်ရှိမှာ RCSS/SSA နှင့် မြန်မာ့တပ်မတော်တို့သည် စစ်ရေးတင်းမာနေမှုများရှိနေကြောင်းလည်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...