“စစ်အာဏာသိမ်းမှုကို တရုတ်မှ မကူညီရန်” မြန်မာ-တရုတ်နယ်စပ်တွင် ဆန္ဒထုတ်ဖော်

“စစ်အာဏာသိမ်းမှုကို တရုတ်မှ မကူညီရန်” မြန်မာ-တရုတ်နယ်စပ်တွင် ဆန္ဒထုတ်ဖော်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာသိမ်းမှုကို တရုတ်မှ မကူညီရန် အတွက် မူဆယ် ဒေသခံများ က နယ်စပ်ဂိတ်တွင် သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) မနက်ပိုင်းအချိန်တွင် မူဆယ်မြိုဒေသခံ( ၁၀၀၀) ကျော်သည် “ မြန်မာစစ်တပ် အာဏာသိမ်မှုကို မကူညီရန်” ဆိုင်ဘုတ်များကို ကိုင်ဆောင်ပြီး မြန်မာ-တရုတ်နယ်စပ်ဂိတ်သို့ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

“ ဒီနေ့ ကျနော်တို့ တရုတ် နယ်စပ်တံခါးမှာသွားပြီး ဆန္ဒပြတာပါ။ အဓိကတော့ တပ်မတော်က အာဏာသိမ်းတာကိုတရုတ်မှ ဝင်ရောက်ပြီး မကူညီဖို့ သွားရောက်ဆန္ဒပြခဲ့တာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် မူဆယ် ဒေသခံသျှမ်းလူငယ်တဦးက ပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် တရုတ်နယ်စပ်တွင် တရုတ်စစ်တပ်မှ လာရောက်လုံခြုံးရေးယူထားကြောင်းသိရသည်။

ဆန္ဒလာရောက်ပြသူများသည် တိုင်းရင်းသား ဝတ်စုံများဝတ်ပြီး တရုတ်၊ အင်္ဂလိပ်စာဖြင့်ရေးထားသော တရုတ်မှ “စစ်အာဏာသိမ်းမှုကို မကူညီရန် ” ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...