Published
Tuesday, February 16, 2021
အာဏာသိမ်းပြီး လဝက်အကြာ အရှိန်မြင့်လာသော မိုးညှင်းမြို့က ဆန္ဒထုတ်ဖော်မှုများ
တပ်မတော်က နိုင်ငံတော်ကို အာဏာကို ရယူပြီး လဝက်အကြာတွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများက အရှိန်မြင့်ခဲ့ပြီဖြစ်သည်။
CDM လုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေး ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးရထား ၊ လျှပ်စစ်၊ စိုက်ပျိုးရေး အင်ဂျင်နီယာအဖွဲ့များ ၊ အရပ်ဘက်အဖွဲ့အစည်းများ စသည်တို့ ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ပုဂ္ဂလိက ဘဏ်များလည်း CDM တွင်ပါဝင်ကြပြီး ဘဏ်များပိတ်ထားဆဲဖြစ်ကာ တပ်က ထိုဘဏ်များတွင် လုံခြုံရေး ရယူထားသည်။








