တောင်ကြီး ရဲတပ်ဖွဲ့မှ CDM ဆရာဝန် များအား အင်အားသုံးဝင် ရောက်ဖမ်းဆီး

တောင်ကြီး ရဲတပ်ဖွဲ့မှ CDM ဆရာဝန် များအား အင်အားသုံးဝင် ရောက်ဖမ်းဆီး

တောင်ကြီး မြို့ ၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံ ဝန်းအ တွင်း CDM ဝင်နေသော ဆရာဝန်များအား ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညနေ ၃ နာရီ ခန့်ကရဲတပ်ဖွဲ့မှ အင်အားသုံးကာ ဆရာဝန် လိုင်းခန်းတွင်းသို့ တံခါးဖျက် ဝင်ရောက်ဖမ်းဆီး မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဆရာဝန်တွေ တော့ အကုန်လွတ် သွားတယ်။ ျဆးရုံကို လာဝိုင်းတဲ့ ရဲတပ်ဖွဲ့တွေက အယောက် ၁၀၀ နီးပါးလောက် ရှိတယ်။ ကျနော် တို့ ဝန်ထမ်းတွေလည်း သံပုံး တီး‌တော့ ရဲတွေ လေးဂွနဲ့ ပစ်တယ်။ ဆရာဝန် လိုင်းခန်းတွေကို တံခါးတွေဖျက် ပြီး ဝင်ရှာတာ ” ဟု ၎င်းဆေးရုံဝန်းထဲ ရှိ မျက်မြင်သက်သေ ဝန်ထမ်းတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့များ အင်အားသုံပြီး ဆေးရုံအတွင်းသို့ ဝင်ရောက်လာမှုကို ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများတားဆီး သောကြောင့် ရဲတပ်ဖွဲ့မှ ကာကွယ်ရေးပစ္စည်းစက်ရုံထုတ် စိန်ရောင်ခြည် လက်ပစ်ဗုံး များဖြင့် ပစ်ခတ်ခြင်း ခံရကြောင်း ဝန်ထမ်းများကဆိုသည်။

“လက်ပစ်ဗုံးတွေ ၅ လုံးလောက် ကျနော်တို့ ကို အပြင်က‌နေ အရင် ပစ်တာ မကွဲတဲ့ ဟာလည်း ရှိပါတယ် ၊ လူတော့ မထိဘူး ” ဟု ဝန်ထမ်းတစ်ဦးကပြောသည်။

အရေးပေါ်လူနာနှင့် ကျောက်ကပ်လှဲထားသည့် လူနာများအတွက် CDM ပါဝင်သော်လည်း ဆရာဝန်လိုင်းခန်းတွင် ဆေးကုသရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးသည့် အချိန်တွင် ဆရာဝန်လိုင်းခန်းတွင် အရေးပေါ် ဆေးကုသပေးနေသည့်CDM ဆရာဝန်များသာကျန်ရှိနေခဲ့ကြောင်း သိရသည်။

ဆေးရုံ၏ ဖြစ်ပျက်နေသော အခြေအနေများကြောင့် တောင်ကြီးမြို့ခံ လူထုများက လာရောက်ဝန်းရံ ကြပြီး ကားလမ်းများ ပိတ်ဆို့ ခဲ့ ရကြောင်း သိရှိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...