ပထမဆုံးပွဲဦးထွက် ခိုလမ်မြို့က CDM လူငယ်သုံးဉီး ခေါ်ဆောင်ထိန်းသိမ်းခံရ

ပထမဆုံးပွဲဦးထွက် ခိုလမ်မြို့က CDM လူငယ်သုံးဉီး ခေါ်ဆောင်ထိန်းသိမ်းခံရ

သျှမ်းပြည်တောင်ပိုင်းလွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ် ခွဲတွင် ယနေ့ CDM ဆန္ဒ ဖေါ်ထုတ် ပွဲ မှာ ပါဝင်သည့် လူငယ် သုံးဉီးအား ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်းကြား သိရသည်။

“စစ်သားတွေက အရပ်ဝတ်နဲ့လာတယ်။ ရဲတွေနဲ့ ရပ်ကွက်ထဲကိုလှည့်ပြီး ဉီးဆောင်သူဘယ်သူတွေလဲ ဆိုပြီး လိုက်ဖမ်းတာ” ဟု အမည်မဖေါ်လိုသည့် ရပ်မိရပ်ဖ တဉီးကပြောသည်။

ဖမ်းဆီးခံရသူ ၃ ဉီးမှာ ရပ်ကွက် ၁ က ကိုသံချောင်း၊ ကိုကုလား နှင့် ခိုလမ်ပြည်သူ့ ဆေးရုံက ဒေါက်တာ စောပြည်စိုး ဖြစ်သည်ဟုသိရသည်။

အာဏာသိမ်းစစ်အုပ်ချုပ်ရေးအလိုမရှိ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအား ယနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ပထမ ဉီးဆုံး ပွဲဉီးထွက် ခြင်းဖြစ်သည်။ ပါဝင်သူ လူ ၂၀၀ ကျော်ရှိပြီး ခိုလမ်မြို့ အထက ကျောင်းမှ မြို့မ ဈေးသို့ စီတန်းလှည့်ခဲ့ကြသည်။

ထို့အတူ ဆန္ဒပြသူ နမ့်စန်မြို့ ရပ်က ၂ က ဦးကိုထွေးကိုလဲ အာဏာသိမ်းတပ်က ယနေ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...