ပထမဆုံးပွဲဦးထွက် ခိုလမ်မြို့က CDM လူငယ်သုံးဉီး ခေါ်ဆောင်ထိန်းသိမ်းခံရ

ပထမဆုံးပွဲဦးထွက် ခိုလမ်မြို့က CDM လူငယ်သုံးဉီး ခေါ်ဆောင်ထိန်းသိမ်းခံရ

သျှမ်းပြည်တောင်ပိုင်းလွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ် ခွဲတွင် ယနေ့ CDM ဆန္ဒ ဖေါ်ထုတ် ပွဲ မှာ ပါဝင်သည့် လူငယ် သုံးဉီးအား ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်းကြား သိရသည်။

“စစ်သားတွေက အရပ်ဝတ်နဲ့လာတယ်။ ရဲတွေနဲ့ ရပ်ကွက်ထဲကိုလှည့်ပြီး ဉီးဆောင်သူဘယ်သူတွေလဲ ဆိုပြီး လိုက်ဖမ်းတာ” ဟု အမည်မဖေါ်လိုသည့် ရပ်မိရပ်ဖ တဉီးကပြောသည်။

ဖမ်းဆီးခံရသူ ၃ ဉီးမှာ ရပ်ကွက် ၁ က ကိုသံချောင်း၊ ကိုကုလား နှင့် ခိုလမ်ပြည်သူ့ ဆေးရုံက ဒေါက်တာ စောပြည်စိုး ဖြစ်သည်ဟုသိရသည်။

အာဏာသိမ်းစစ်အုပ်ချုပ်ရေးအလိုမရှိ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအား ယနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ပထမ ဉီးဆုံး ပွဲဉီးထွက် ခြင်းဖြစ်သည်။ ပါဝင်သူ လူ ၂၀၀ ကျော်ရှိပြီး ခိုလမ်မြို့ အထက ကျောင်းမှ မြို့မ ဈေးသို့ စီတန်းလှည့်ခဲ့ကြသည်။

ထို့အတူ ဆန္ဒပြသူ နမ့်စန်မြို့ ရပ်က ၂ က ဦးကိုထွေးကိုလဲ အာဏာသိမ်းတပ်က ယနေ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...