ကျောက်မဲစစ်ရှောင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်း လိုအပ်နေ

ကျောက်မဲစစ်ရှောင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်း လိုအပ်နေ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင် အမျိုးသမီးများ အတွက် အရေးပေါ် လစဉ်သုံး လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့ပေါ်တွင်စစ်ဘေးရှောင် (၁၄၀၀) ကျော်ရှိသည့်အနက် အမျိုးသမီး (၅၀၀) ကျော် တို့အတွက် အရေးပေါ် အမျိုးသမီး လစဉ်သုံး လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများ က ပြောဆိုလိုက်သည်။

“အမျိုးသမီးလစဉ်သုံးက ရန်ပုံငွေထဲကပဲ ဝယ်ပေးရတယ်။ အများကြီးတော့ မရှိဘူး။ ဘယ်အဖွဲ့မှ မလာလှူသေးဘူး။ အလှူရှင်တွေ သီးသန့်လာလှူထားတာတွေ မရှိသေးတော့ ခုက အမျိုးသမီး လစဉ်သုံးတွေ လိုအပ်တယ်” ဟု ကျောက်မဲမြို့ပေါ်က စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ဘေးရှောင်ကလေးငယ်များအတွက် ကစားစရာ အရုပ်များ လာရောက်လှူဒါန်း သည့်အဖွဲ့ရှိ သော်လည်း အမျိုးသမီးလစဉ်သုံးလာလှူသည့်သူ မရှိသေးကြောင်း ၎င်းအမျိုးသမီးက ပြောဆိုသည်။

“လတ်တလော လိုနေတာက အမျိုးသမီးလစဉ်သုံးလိုနေပါတယ်။အနေအထားကြည့်ရတာကတော့ တည်ငြိမ်အေးချမ်းရေးက ရက်ရှည်မယ်လို့ ယူဆပါတယ်။ အဲ့တော့ နည်းနည်းလေးကြာမယ်ဆိုရင် တော့ ဒီမှာ ရိက္ခာပြဿနာတက်လာနိုင်တယ်” ဟု ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိမှာ တိုက်ပွဲမဖြစ်ပွားသော်လည်း နှစ်ဘက်စစ်တပ် စစ်အင်းအားဖြည့်တင်းမှု များဆက်လက်ပြုလုပ်နေသေးကာ စစ်ရေးတင်းမာနေသေးသည့်အတွက် ရက်ရှည်လျှင် စားနပ်ရိက္ခာလည်း ပြဿနာ ရှိလာနိုင်ကြောင်း စေတနာ့ဝန်ထမ်းများက ပြောဆိုကြသည်။

ဒီဇင်ဘာ (၂၅) ရက်နေ့ကတည်းက ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအနီးတစ်ဝိုက် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်များ ကျောက်မဲမြို့ပေါ်သို့ (၁၀၀၀) ကျော် ရောက်ရှိခဲ့ကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...