တိုင်းရင်းသားလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲကြား အရပ်သားတဦးသေ၊ တဦးဒဏ်ရာရ

တိုင်းရင်းသားလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲကြား အရပ်သားတဦးသေ၊ တဦးဒဏ်ရာရ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စုအတွင်း ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ ရွာသား တဦး လက်နက်ထိမှန်သေဆုံးခဲ့ပြီး၊ တဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

နမ္မတူမြို့နယ် ပန်ချင်ကျေးရွာ အုပ်စု ညောင်ဆွယ်ကျေးရွာ နှင့် မိုင်းဟုန်းရွာကြား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA )တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ရွာသား တဦး၊ လက်နက်ထိမှန် သေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မန်စံစစ်ဘေးရှောင်စခန်းမှာ ကူညီသည့် အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လက်နက်ကျလို့ ညောင်ဆွယ်ဒေသခံက တဦးသေဆုံးပြီး။ တဦး ဒဏ်ရာရပါတယ်။ နေအိမ်တလုံး မီးလောင်သွားတယ်။ အသေးစိတ် အချက်လက်ကို ကျနော်တို့လည်း မသိရသေးဘူး” ဟု ၎င်းအမျိုးသား တဦး က ပြောသည်။

နှစ်ဖက် တိုက်ပွဲကြောင့် ညောင်ဆွယ်ကျေးရွာမှာ နေအိမ်တလုံးပေါ် လက်နက်ကြီးကျခဲ့ကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်များကို ကူညီသည့် ကော်မတီ လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ ညောင်ဆွယ်ကျေးရွာမှာ လက်နက်ကြီးတစ်လုံး ဒေသခံ ရွာသား အိမ်တအိမ်မှာ ကျသွားတယ်။ လက်ရှိမှာတော့ အသေးစိတ်အချက်လက်တွေ စစ်ဆေးနေတုန်းပဲ” ဟု နမ္မတူမြို့နယ် စစ်ဘေးရှောင်များကို ကူညီပေးသည့် ကော်မတီ လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ကိစ္စကို တိုင်းရင်းသားလက်နက်ကိုင် တပ်၂ဖွဲ့ဖြစ်သည့် RCSS/SSA နှင့် TNLA ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

ယနေ့ နှစ်ဘက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ မန်စံဘုန်းကြီးကျောင်းတို့ (၂၀၀) ကျော် ရောက်ရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်း ဒီဇင်ဘာ(၂၅)ရက်မှ စတင်ကာ RCSS နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...