RCSS/SSA နှင့် TNLA စစ်ရေး ဆက်လက်တင်းမာနေဆဲ

RCSS/SSA နှင့် TNLA စစ်ရေး ဆက်လက်တင်းမာနေဆဲ

Nang Seng Nom — သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွ့ဲစစ်ရေး ဆက်လက် တင်းမာနေဆဲ ဟု စုံစမ်းသိရသည်။



ဒီဇင်ဘာ ၂၅ရက်မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားကာ ယနေ့ချိန်ထိ စစ်ရေး တင်းမာနေဆဲ ဟု RCSS/SSAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။



“ ကျောက်မဲဘက်ကတော့ စစ်ရေး တင်းမာမှုနေတယ်။ သီပေါဘက်ကတော့ စစ်ရေး လှုပ်ရှားမှုရှိတဲ့သဘောပါ။ စိုးရိမ်ရတဲ့ တင်းမာမှုကတော့ မရှိသေးဘူး” ဟု ဗိုလ်မှူးခမ်းစံ က ဆိုသည်။



RCSS/SSA နှင့် TNLA တို့သည် ယမန်နေ့ (ဇန်နဝါရီ ၁)ရက်တွင် နမ္မတူမြို့နယ်၊ သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်အတွင်း နေရာ ၃နေရာ ထိုးစစ်ဆင်မှုရှိခဲ့ကြောင်းလည်း TNLA ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။



“ မနေ့က ကျနော်တို့ ၃နေရာ ထိတွေ့မှုဖြစ်တာ ဟုတ်ပါတယ်။ ဒီနေ့ တိုက်ပွဲ အခြေအနေကတော့ ကျနော်ဆီကို မြေပြင်သတင်းမတက်လာသေးဘူး” ဟု ဗိုလ်မှူးခမ်းစံ က ထပ်လောင်ပြောသည်။



ယနေ့ ဇန်နဝါရီ ၂ရက် တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်ကျေးရွာ အုပ်စုနှင့် နမ္မတူမြို့နယ် အတွင်း RCSS/SSAနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှု ရှိကြောင်းကို မြေပြင် ဒေသခံ ပြောပြချက်အရ သိရသည်။



အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့် ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်းမရှိခဲ့ပေ။



RCSS/SSAနှင့် TNLAတို့သည် ဒီဇင်ဘာ လအတွင်း တိုက်ပွဲ ၁၁ကြိမ်ရှိခဲ့ပြီး ယခု ၂၀၂၁ ခုနစ် ဇန်နဝါရီလအတွင်း တိုက်ပွဲ အကြိမ်ရေ ၃ကြိမ်ရှိခဲ့ေကြောင်းသိရသည်။



ထိုတိုင်းရင်းသားလက်နက်ကိုင် ၂ဖွဲ့တိုက်ပွဲဖြစ်ပွားမှုကြောင်း ကျောက်မဲမြို့ပေါ်တွင် စစ်ဘေးရှောင် ၈၀၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး၊ စစ်ရေး ဆက်လက်တင်းမာနေပါက စစ်ရှောင်များ ထပ်မံရောက်ရှိလာနိုင်ကြောင်းလည်း စစ်ရှောင်ကူညီပေးနေသူများက ပြောဆိုလိုက်သည်။



ထို့ပြင် ဒီဇင်ဘာ ၁၀ရက်နေ့တွင် RCSS/SSAနှင် TNLA တိုက်ပွဲကြောင့် ကိုယ်ဝန်သည် အမျိုးသမီး ၁ဦး အပါအဝင် အမျိုးသမီး ၃ဦး ကျည်ထိမှန်ခဲ့ပြီး ဆယ်ကျော်သက် အမျိုးသားတဦး ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...