နမ္မတူမြို့နယ် တွင် RCSS/SSA နှင့် TNLAတိုက်ပွဲ ဆက်လက်ဖြစ်

နမ္မတူမြို့နယ် တွင် RCSS/SSA နှင့် TNLAတိုက်ပွဲ ဆက်လက်ဖြစ်

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ချင်အုပ်စုအတွင်း ယနေ့ (ဇန်နဝါရီ ၅) ရက် မနက် ၆ နာရီခွဲ တွင် RCSS နှင့် TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားကြောင်းစုံစမ်းသိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့မနက်တွင် နမ္မတူမြို့နယ်အတွင်း တနာရီကျော်ကြာ ထိတွေ့မှုတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“နမ္မတူဘက်မှာ တိုက်ပွဲဖြစ်ပွားတာ ဟုတ်ပါတယ်။ TNLA နဲ့ ထိတွေ့တာပါ။ တနာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ နှစ်ဖက်စစ်ရေးတင်းမာနေတာတော့ ရှိသေးတယ်” ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးအုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒီဇင်ဘာ (၂၅) ရက်နေ့မှ စတင်ပြီး ယနေ့ထိ RCSS နှင့် TNLA တို့သည် တိုက်ပွဲအကြိမ်ရေ (၂၀)ထက်မနည်း ဖြစ်ပွာခဲ့ကြောင်း ဒုဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

“နမ္မတူမြို့နယ် ပန်ချင်အုပ်စု ညောင်းဆွယ် နားမတ် ဟွေးဟုန်း စတဲ့ ရွာအနီးတစ်ဝိုက်မှာ ဒီနေ့ နံနက် (၆း၃၀) မှစတင်ပြီး RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရတယ်” ဟု မြေပြင်ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှု နှင့် ပတ်သက်ပြီး TNLA မှ ပြောရေးဆိုခွင့်ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

ယမန်နေ့ (ဇန်နဝါရီ ၄ ရက် )တွင် လည်း RCSS နှင့် TNLA တို့ကြား ကျောက်မဲမြို့နယ် တော့ဆန်ရွာမ အနီးတွင် တိုက်ပွဲ ၃ကြိမ်တိုင် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ RCSS နှင့် TNLA တု့ိ တိုက်ပွဲဖြစ်ပွားမှုကြောင်း စစ်ဘေးရှောင် (၁၀၀၀) ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

RCSS/SSA နှင့် TNLA တို့ကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကိုယ်ဝန်သည် အမျိုးသမီးတဦး အပါအဝင် အမျိုးသမီး ၂ ဦး နှင့် အမျိုးသားတဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲကြောင့် အရပ်သားနေအိမ် နှင့် ကျေးရွာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...