ထိုင်းတွင် အကျဉ်းကျခံရမြန်မာနိုင်ငံသားများအား မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်

ထိုင်းတွင် အကျဉ်းကျခံရမြန်မာနိုင်ငံသားများအား မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်
Photo Credit to U Tun Maesai-ထိုင်းတွင် အကျဉ်းကျခံရသော မြန်မာနိုင်ငံသားများအား မြန်မာဘက်သို့ ပြန်လွှဲပြောင်းပေး
Photo Credit to U Tun Maesai-ထိုင်းတွင် အကျဉ်းကျခံရသော မြန်မာနိုင်ငံသားများအား မြန်မာဘက်သို့ ပြန်လွှဲပြောင်းပေး

နန်းဆိုင်ဖူး — ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဒီဇင်ဘာ (၁၅) ရက် မနက် ၉ နာရီအချိန်မှာ တာချီလိတ်မြို့ရှိ မြန်မာ – ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားအမှတ်(၂) မှ တစ်ဆင့် မြန်မာနိုင်ငံသား ( ၁၀၅) ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွဲပြောင်းပေးခဲ့ကြောင်း မြန်မာ/ထိုင်း ဆက်ဆံရေး တာဝန်ခံ (ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ တာချီလိတ်) ဦးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“Q ထားပြီး ကိုဗစ် စစ်မှာပါ။ Negative ထွက်တဲ့အဖြေရပြီးရင် နေရပ်အသီးသီးကို ဆက်လက်ပို့ဆောင်မှာပါ။ ဘယ်နှစ်ရက်ဆိုတာတော့ ကိုဗစ် အဖြေပေါ်မူတည်ပါတယ်။” ဟု ဦးထွန်း ကပြောသည်။

ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ပြန်လည်လွဲပြောင်းလာသည့် မြန်မာနို်င်ငံသား (၁၀၅) ဦးကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပန်ဟတ်ကျေးရွာ အထက ကျောင်းတွင် Quarantine ထားပြီး ဓါတ်ခွဲနမူနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ၀င်ရောက်မှုဖြင့် ပြစ်ဒဏ်ကျခံရခြင်း ဖြစ်သည်။

ပြန်လွှဲပြောင်းလာသူများတွင် သျှမ်းပြည်တွင်းမှ အများဆုံးပါဝင်ပြီး ကယား၊ ကရင်၊ မွန်၊ စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး နှင့် နေပြည်တော်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ပြန်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား (၁၀၅) ဦးမှာ အမျိုးသား (၆၇) ဦး နှင့် အမျိုးသမီး (၃၈) ဦး တို့ ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလေ့ရှိသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...