ထိုင်းနိုင်ငံမှ သျှမ်းပြည်သို့ပြန်ပို့ဖို့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နယ်စပ်တွင်ရောက်ရှိ

ထိုင်းနိုင်ငံမှ သျှမ်းပြည်သို့ပြန်ပို့ဖို့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နယ်စပ်တွင်ရောက်ရှိ
Photo Credit to CNCMC- ဒီဇင်ဘာလ ၂ ရက် တာချီလိတ်မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ CNCMC မှကူညီပို့ဆောင်ပေးသော ထိုင်းနိုင်ငံသားများ
Photo Credit to CNCMC- ဒီဇင်ဘာလ ၂ ရက် တာချီလိတ်မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ CNCMC မှကူညီပို့ဆောင်ပေးသော ထိုင်းနိုင်ငံသားများ

သျှမ်းပြည်ဘက်ခြမ်းပြန်၀င်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်တွင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။

၄င်းရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံဘက်မှအာဏာပိုင်များက  တာချီလိတ်သို့ပြန်ပို့ရန်အတွက် စီစဉ်နေဆဲဖြစ်ကြောင်း ပြန်ပို့မည့်ရက်မသိရသေးကြောင်း ကူညီသယ်ယူပို့ဆောင်ပေးရာတွင် ပါ၀င်သည့် တာချီလိတ်လူငယ်  တဉီးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ထိုင်းဘက်ခြမ်းမှာ တာချီလိတ်ကိုပြန်ပို့ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်စုထားတယ်လို့သိရတယ်။ ဘယ်နေ့ပြန်ပို့မလဲဆိုတာ စောင့်ကြည့်နေပါတယ်။  ကျနော်တို့ဆီမှာရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုတော့ တပတ် ၃ ကြိမ် မှန်မှန်ပို့ပေးဖို့ ထိုင်းဘက်ကတောင်းဆိုထားတယ်။ ဆိုတော့ တနင်္လာ ဗုဒ္ဓဟူးနဲ့သောကြာနေ့တိုင်း ရှိသလောက် ပို့ပေးတယ်။ ” –   အဆိုပါလူငယ်ကပြောသည်။

တာချီလိတ်-မယ်ဆိုင်ကြား ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ အား ဧပြီလကတည်းက ပိတ်ပြီးနောက်ပိုင်း ၂ နိုင်ငံဘက်ခြမ်းရှိ နေရပ်ပြန်မည့်သူများအား ၂ နိုင်ငံအာဏာပိုင်များ ဆက်သွယ်ညှိနှိုင်းကာ စစ်ဆေးမှုပြုပြီး ပို့ပေးခဲ့သည်ဟုသိရသည်။

သို့သော် ထိုင်းဘက်ခြမ်းကမူ ထိုင်းအာဏာပိုင်များက နေရပ်ပြန်မည့်မြန်မာနိုင်ငံသားများအား ပုံမှန်ပို့ပေးခြင်းမရှိဘဲ သတ်မှတ်လူဉီးရေပြည့်မှသာ မြန်မာဘက်ခြမ်းရှိ အာဏာပိုင်များနှင့်ဆက်သွယ်ကာပို့ပေးခဲ့သည်ဟုလည်း ကူညီရေးအဖွဲ့မှပြောပြချက်အရသိရသည်။

ဒီဇင်ဘာလ  ၂ ရက် ယနေ့မနက်ပိုင်း ၁၀ နာရီကလည်း တာချီလိတ်ဘက်ခြမ်းရောက်ရှိပိတ်မိနေသော ထိုင်းနိုင်ငံသား ၃၁ ဉီးနှင့် သံဃာတော် ၄ ပါးတို့အား    တာချီလိတ်မြို့အမှတ် ( ၂ ) ချစ်ကြည်ရေတံတား မှတဆင့် လဝက ဌာနခွဲ (၆) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်ဦးစီးနှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ  CNCMC အဖွဲ့တို့က ထိုင်းနိုင်ငံနယ်စပ်ဂိတ်ရှိတာ၀န်ရှိသူများထံသွားရောက်အပ်နှံပေးခဲ့ကြောင်း သိရသည်။

“ဒီတပတ်အတွင်းမှာဘဲ ထိုင်းဘက်ခြမ်းကိုကျနော်တို့ပို့ရတာ ၅၀ လောက်ရှိပါပြီ ”- ဟု လူငယ်ကပြောသည်။

နို၀င်ဘာ ၂၅ ရက်နေ့စကပြီးယနေ့အထိ တပတ်အတွင်း တာချီလိတ်မြို့နယ်တွင် ကိုဗစ်နိုင်တင်း ကူးစက်ခံရသူ ၇၀ နီးပါးရှိလာပြီးနောက် တာချီလိတ်ဘက်ခြမ်းရောက် ထိုင်းနိုင်ငံသားများ နေရပ်အသီးသီးပြန်ကြခြင်းဖြစ်သည်။  လက်ရှိသျှမ်းပြည်နယ်အတွင်း ကိုဗစ်နိုင်တင်းပိုးကူးစက်ခံရသူ ၄၃၈ ဉီးရှိပြီဖြစ်ကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...