ကိုဗစ်-၁၉ ကြောင့် Lockdown ခံရသည့် ရွာငံ ပြည်သူများအတွက် အလှူငွေကောက်ခံ

ကိုဗစ်-၁၉ ကြောင့် Lockdown ခံရသည့် ရွာငံ ပြည်သူများအတွက် အလှူငွေကောက်ခံ

Hseng Leng - တောင်ကြီးမြို့ Ocean ရှေ့တွင် ယနေ့ (နိုဝင်ဘာ ၁၆)ရက် မနက်ပိုင်းတွင် ကိုဗစ်-၁၉ ကြောင့် lockdown ချခံပြည်သူများအတွက် အလှုငွေကောက်ခံသည့် ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို့သို့အလှူငွေကောက်ခံရာတွင် ကိုဗစ် ၁၉‌ ကြောင့် ရွာငံမြို့ နယ် အတွင်းရှိ မြို့ကြီးကျေးရွာတွင် ရောဂါကူးစက် ပြန့်ပွားမှူကြောင့် lockdown ချခံရသည့် ပြည်သူများနှင့် စားဝတ်နေရေး ခက်ခဲမှုများရှိနေခြင်းကြောင်း ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ သျှမ်းပြည်နယ်တောင်ပိုင်း lockdown ချခံနေရတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေး အတွက် ကျမတို့က အလှူငွေနဲ့စားသောက်ကုန်တွေ ကို အလှူငွေကောက်ခံပြီး၊ သွားပေးမှာပါ” ဟု Myanmar People’s Alliance Shan State အဖွဲ့ဝင် မမီမီသိန်း ကပြောသည်။

ရွာငံမြို့၊ မြို့ကြီးကျေးရွာတွင် ကိုဗစ် ၁၉ ရောဂါပြန်ပွားမှုကြောင့် Lockdown ချခံရသည့် အိမ်ခြေ ၆၀၀ ကျော်နီးပါရှိပြီး ရှိကြောင်းသိရသည်။

“အဓိကတော့ မြို့ကြီးကျေးရွာမှာ ရှိတဲ့ပြည်သူလူထုအများစုက လက်လုပ်လပ်စားအခြေခံလူတန်းစား တွေဖြစ်ကြတယ်။ lockdown ခံနေရတော့ အလုပ်တွေမလုပ်နိင်ဘူး။ သူတို့စားဝတ်နေရေးတွေ ခက်ခဲတယ်။ အဲဒီအတွက် ကျမတို့က ဒီတောင်ကြီးမြို့ပေါ်မှာ အလှူငွေတွေနဲ့ စားသောက်ကုန်တွေ လိုက်လံကောက်ခံပြီးသွားရောက်လှူဒါန်းပေးမှာဖြစ်ပါတယ်” ဟု မမီမီသိန်းက ပြောသည်။

ထိုအလှူခံကို ယနေ့နှင့် နိုဝင်ဘာ ၁၇ ရက်ထိပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...