ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတောင်ကြီးမြို့ပေါ်တွင် အဖြေရှာ မရသေးသော ပေါက်ကွဲသံ ကြောင့် ပြည်သူများထိတ်လန့်

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတောင်ကြီးမြို့ပေါ်တွင် အဖြေရှာ မရသေးသော ပေါက်ကွဲသံ ကြောင့် ပြည်သူများထိတ်လန့်

ယိင်းတိုင်း — တောင်ကြီး မြို့ပေါ်တွင် နိုဝင်ဘာ(၂) ရက်နေ့ ညနေ ၆ နာရီ ၃၀ ချိန်ခန့်က ဖြစ်ပွားခဲ့သော ပေါက်ကွဲသံနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အဖြေအတိအကျမထုတ်ပြန် နိုင်သေးပဲ ပြည်သူများကြားထိတ်လန့် မှုဖြစ်ပွားခဲ့သည် ဟုသိရသည် ။

“ အသံက အရမ်းကျယ်တယ် တစ်မြို့လုံးကို လွှမ်းမိုးသွားတဲ့ အသံပဲ ၊ ဗျောက်သံ မဟုတ်တာတော့ လူတိုင်းသိနိုင်ပါတယ် ။ ကျွန်တော်တို့က ထိတ်လန့်တာပေါ့ ။ ဘာရည်ရွယ်ချက်နဲ့ ဘယ်သူလုပ်တာလဲ ရွေးကောက်ပွဲက ရက်ပိုင်းပဲလိုတော့တာ ဆိုတော့ သတိထားရမှာပေါ့ ” ဟုတောင်ကြီးဒေသခံ မေလင်းမို ကပြောသည် ။

ယင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ တောင်ကြီး ဒေသခံများကြား စိုးရိမ်ထိတ်လန့်မှုဖြစ် ပွားခဲ့ပြီး သတင်းအမှားများလည်းထွက်ပေါ်ခဲ့သည် ။ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်း အလိုတွင် ယခုလို ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံရေး အသိုင်းအဝိုင်းမှ ဝေဖန်မှုများ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြကြသည် ကိုတွေ့ရသည် ။

ပေါက်ကွဲသံ နှင့် ပါတ်သက်၍ တာဝန်ရှိလုံခြုံရေး အဖွဲ့များက ဆက်တိုက် အဖြေရှာနေဆဲဖြစ်ပြီး နိုဝင်ဘာ (၃) ရက်နေ့ မနက် ပိုင်းတွင် သီရိမင်္ဂလာ တောင်ချွန်း စေတီတော် သို့ စစ်တပ်၊ ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ CID စသည့် တပ်ဖွဲ့များမှ အဆိုပါနေရာသို့ ဖြန့်ကျတ်ရှာဖွေ သော်လည်း သဲလွန်စ တစ်စုံတစ်ခု မရရှိခဲ့ပါ ။ ယင်းနောက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများမှ ဆက်သွယ်ရေးကုန်းသို့ နေရာပြောင်းရှာဖွေခဲ့ကြသော်လည်း အဖြေအတိအကျမသိရသေးပေ ။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...