အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုက်ခိုက်၊ အမုန်းစကားဖြန့်မှုကို ဆန့်ကျင်သည့် ကမ်ပိန်းပြုလုပ်

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုက်ခိုက်၊ အမုန်းစကားဖြန့်မှုကို ဆန့်ကျင်သည့် ကမ်ပိန်းပြုလုပ်

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် တိုက်ခိုက်နေပြီး အမုန်းစကားများ ပြုမှုများရှိနေကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် တိုက်ခိုက်နေသည့်အပေါ်၊ အမုန်းစကားပြောနေသည့်အပေါ်ကို ဆန့်ကျင်သည့် အနေဖြင့် နိုဝင်ဘာ ၂ ရက်နေ့တွင် တောင်ကြီးမြို့ လယ် Ocean ကုန်တိုက်ရှေ့တွင် ကမ်ပိန်း ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းကို “ ဒို့အသံနဲ့ ပံ့ပိုးမယ်” အဖွဲ့က ပြုလုပ်ပြီး၊ ပြည်သူများကို လက်ကမ်းစာစောင်များ၊ စတေကာများ ကပ်ပေးခြင်းကို ပြုလုပ်ကြောင်း သိရသည်။

“ကျမတို့အမျိုးသမီးတွေက အကြမ်းဖက်ခံရတယ်။ အမုန်းတရားတွေနဲ့ တိုက်ခိုက်ခြင်းကို ခံစားရတယ်။ အဲဒါကြောင့် အမျိုးသမီးတွေက ဘာမှမလုပ်ချင်ကြတော့ဘူး။ နိုင်ငံရေးနဲ ဆုံဖြတ်ချတဲ့ အခန်းကဏ္ဍတွေမှာ မပါဝင်ဘဲနဲ့ နောက်ဆုတ်သွားတာရှိတယ်” ဟု ကမ်ပိန်း ဦးဆောင်သူ မမီမီသိန်းက ပြောသည်။

ကမ်ပိန်း၏ အဓိက ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ အချိန်ကာလအတါင်း အမျိုးသမီးများသည် အမျိုးသားများထက်ပိုပြီး အကြမ်းဖက်မှု မျိုးစုံ၊ အမုန်းစကားမျိုးစုံ နှင့် မဟုတ်မကန်သည့် သတင်းများကို လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ် တင်ခြင်းတို့ ပြုလုပ်ခံရပြီး၊ နိုင်ငံရေးလောက မှ စွန့်ခွာသွားအောင် နည်းတမျိုးဖြင့် ခြိမ်းခြောက်သည့် ကိစ္စများပြုလုပ်နေမှုကို ဆန့်ကျင်ကြောင်း မမီမီသိန်း က ပြောသည်။

“ ဒို့အသံ နဲ့ပံ့ပိုးမယ်” ကမ်ပိန်း ကို ရွေးကောက်ပွဲမတိုင်ခင် တိုင်းနှင့် ပြည် ၁၄ခုတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...