မူဆယ် KTVတခုတွင် လက်ပစ်ဗုံး နှင့် လက်နက်များ ဖမ်းဆီးရမိ

မူဆယ် KTVတခုတွင် လက်ပစ်ဗုံး နှင့် လက်နက်များ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ Moon Light KTV (ကေတီဗွီ)ဆိုင်တွင် လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများ ရှာဖွေတွေ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ မေ ၂၆ ရက် ညနေ ၄နာရီကျော်တွင် ကောင်းမူတုံရပ်ကွက် မှ မူဆယ်မြို့တွင်းသို့ ယာဉ်မောင်း ဝင်းဇော်ပိုင် မောင်းနှင်းလာသည့် Harrier လိုင်စင်မဲ့ ယာဉ်တစီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လက်ပစ်ဗုံး ၄လုံး ရှာဖွေသိမ်းဆည်းရမိကြောင်း မူဆယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ယာဉ်မောင်းနှင်လာသူအား စစ်ဆေးမေးမြန်းရာ ဖခင်ဖြစ်သူ ဦးယိုင်တင် ပိုင်ဆိုင်သောယာဉ်ဖြစ်နေကြောင်းသိရသည်။

အာဏာပိုင်များက ဦးယိုင်တင် နေထိုင်သည့် Moon Light KTV သို့သွားရောက် စစ်ဆေးရာတွင် ၎င်းအားမတွေ့ရှိရဘဲ ပစ္စတို သေနတ် ၂လက်၊ ကျည်အိမ် ၂ခု၊ ၉ မမ ကျည် ၁၀တောင့်၊ ပွိုင့် ၃၈ကျည် ၈တောင့်၊ အမ် ၂၂ ကျည် ၃၂တောင့်၊ စက်လက်ကျည်ခါးပတ်တွဲ (အတို ၁ခု)၊ လက်ပစ်ဗုံးဖြူးစ် ၂ခု နှင့် လမ်းလျှောက်စကားပြောစက် ၁လုံး တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် လက်လုပ်ဗုံး ၂လုံးပေါက်ကွဲမှုဖြစ်ပွား သဖြင့် သက်ဆိုင်ရာမှ စိစစ်မှု ပြုလုပ်နေစဉ် အဆိုပါ လက်ပစ်ဗုံးများ၊ လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ တွင် မကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသကဲ့သို့ယခုရက်ပိုင်း မူးယစ်ဆေးဝါးလည်း ဆက်တိုက် သိမ်းဆည်းရမိနေပါသည်။

သို့သော် ဗုံးပေါက်ကွဲမှုနှင့် ပက်သက်ပြီး ယနေ့ အချိန်ထိ တရားခံဖမ်းဆီးရမိခြင်းမရှိသေးပေ။

June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...
June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...
June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...