ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ယခင်အစိုးရထက် ရာခိုင်နှုန်း လျော့နည်း

ပြည်နယ်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ယခင်အစိုးရထက် ရာခိုင်နှုန်း လျော့နည်း

မော်ဦးမြာ — NLD အစိုးရ လက်ထက် ၄ နှစ်ကျော်ကာလအတွင်းမှာ ကယားပြည်နယ်အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှုဟာ ယခင်အစိုးရထက် လျော့နည်းနေတယ်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်း စစ်တမ်းကောက်ယူခဲ့တဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ စစ်တမ်းကောက်ယူသူတွေက ပြောပါတယ်။

“ ပြီးခဲ့တဲ့ အစိုးရလက်ထက် ကြိုးပမ်းမှုကတော့ ၁၅ ရာခိုင်နှုန်း ရှိပြီးတော့မှ လက်ရှိအစိုးရရဲ့ ကြိုးပမ်းမှုက ၁၃ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်သော အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကြိုးစားပြီးတော့မှ တွေ့ဆုံတဲ့ဟာတွေ၊ ကြိုးစားပြီးတော့မှ ညှိနှိုင်းတာမျိုးတွေ ကြိုးပမ်းမှုကတော့ ၁၃ ရာခိုင်နှုန်းဆိုပြီးတော့ ပြန်ကျသွားတဲ့ဟာတွေ ရှိတယ်ပေါ့နော။ ကျမတို့ရဲ့ စစ်တမ်းကောက်ယူမှုအရပေါ့နော”လို့ စစ်တမ်းကောက်ယူတဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ program manager မူကက်သရင်း က ပြောပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ် ( KNGY) မှ စစ်တမ်းကောက်ယူပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ဝေတဲ့ “ငြိမ်းချမ်းရေးအတွက် လူထုအသံ” စာအုပ်မှာ လက်ရှိ NLD အစိုးရ၏ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များအပေါ် ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းရာမှာ အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အကျိုးသက်ရောက်မှုတွင် ထူးခြားစွာ ပြောင်းလဲသွားခြင်း မရှိဘူးလို့ စစ်တမ်းအရ ဖော်ပြထားပါတယ်။

ယခုလို ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု လျော့နည်းလာရခြင်းက ပါတီမူဝါဒနဲ့ သက်ဆိုင်နေတယ်လို့ မူကက်သရင်းက သုံးသပ်ပြောဆိုသွားပါတယ်။ ပါတီမူဝါဒတွေက ပြည်နယ်အသီးသီရှိ အစိုးရမှာ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးညှိနှိုင်းခွင့် အားနည်းနေတယ်လို့ သူမက ပြောပါတယ်။

“ ငြိမ်းချမ်းရေးကို တကယ်ပဲ တည်ဆောက်ချင်တယ်ဆိုရင်တော့ သဘောတူညီချက်တွေ အကုန်လုံးပေါ့နော နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ယူဖို့လိုတယ် တကယ်လို့ တိုင်းရင်းသားလက်နက်က သူ့ရဲ့ ပိုင်နက်ထဲမှာ သူ့ရဲ့ နယ်မြေထဲမှာ လူထုတွေကို ချပြခွင့်ရှိရမယ်ပေါ့။ အဲ့ဒါတွေ လုပ်ပေးဖို့ ပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့ အဲ့ဒါတွေကို အဓိက ပြောချင်ပါတယ်”လို့ မူကက်သရင်းက ဆက်ပြောပါတယ်။

လူထုတွေက ငြိမ်းချမ်းရေးကို လိုလားပြီး ငြိမ်းချမ်းရေးနဲ့အတူ မြေယာ၊ စီးပွားရေး၊ တည်ငြိမ်မှုတွေကို မျှော်လင့်ထားကြတဲ့အတွက် ယခု အစိုးရလက်ထက်မှာ KNPP အနေနဲ့ လက်မှတ် ဆက်လက် ရေးထိုးနိုင်ခြင်း မရှိသလို ပြည်နယ်အတွင်းမှာ ကြေးရုပ်ပြသနာ၊ မြေယာပြသနာတွေကြောင့် လူထုတွေ ထောင်ကျမှုတွေ များလာတဲ့အတွက် ယခုအစိုးရကို လူထုတွေအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင် အမှတ်ပေးမှု လျော့နည်းခြင်းဖြစ်တယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက သုံးသပ်ပြောဆိုသွားပါတယ်။

“ ကျတော့်အမြင်ကတော့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေရဲ့ အရည်အချင်းနဲ့ဆိုင်တယ်။ အရင်အစိုရ ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးအတွက် ပိုမိုဆွေးနွေး လုပ်ပေးနိုင်ပေမဲ့ အခု ဝန်ကြီးချုပ်က အပြစ်တင်တာပဲ လုပ်နေတယ်။ လူထုအမြင်နဲ့ ကျတော့်အမြင်ချင်း တူပါတယ်” လို့ ခွန်းဘီထူးက ဆက်ပြောပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...