တိုင်စာပစ်စာတွေကို ဖြေရှင်းရန် ၃၁ စောင်ကျန်ရှိနေသေး

တိုင်စာပစ်စာတွေကို ဖြေရှင်းရန် ၃၁ စောင်ကျန်ရှိနေသေး
တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အစည်းအဝေး။ (ဓါတ်ပုံ – ကယားပြည်နယ်လွှတ်တော် Facebook)
တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အစည်းအဝေး။ (ဓါတ်ပုံ – ကယားပြည်နယ်လွှတ်တော် Facebook)

မီမြာ ၊ ဦးမြာ — ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ထံ တိုင်ကြားထားတဲ့ တိုင်စာ၊ပစ်စာများအနက် ဖြေရှင်းဖို့ ၃၁ စောင် ကျန်ရှိသေးတယ်လို့ ၎င်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။

တိုင်ကြားစာ အများဆုံးက မြေယာပြဿနာနဲ့ပတ်သက်တာတွေ  ဖြစ်တယ်လို့ ဆိုပါတယ်။

“လယ်ယာမြေကိစ္စ၊ ပုံစံ(၇)မရတဲ့ကိစ္စ၊ ငွေကိစ္စ၊ အကြွေးကိစ္စ၊ ကျူးကျော်တဲ့ကိစ္စ၊ စစ်တပ်သိမ်းတဲ့ကိစ္စတွေအကုန်တိုင်ကြတယ်ပေါ့” လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

လယ်ယာမြေကိစ္စမှာ တောင်သူလယ်သမား အများဆုံး တိုင်ကြားပြီး လွိုင်ကော်က အများဆုံးဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 ကုမ္ပဏီတွေကို ပိုက်ဆံမရတဲ့ အလုပ်သမားတွေက တိုင်ထားတာတွေလည်းရှိပြီး နှစ်ဖက်ကြားနာ ဖြေရှင်းပေးရတဲ့ အလုပ်သမားကိစ္စတွေလည်းရှိတယ် လို့သိရပါတယ်။

တိုင်စာပစ်စာ ကော်မတီကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဖွဲ့စည်းထားတဲ့ အတောအတွင်း တိုင်စာ၄၃၈ စောင်ရှိတဲ့အနက် ၃၁ စောင်မှာ အကောင်အထည် မဖော်ရသေးတာဖြစ်ပါတယ်။

May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...