လွိုင်ကော်တွင် ဈေးများ တစ်ပတ်လျှင် သုံးရက်သာ ဖွင့်

လွိုင်ကော်တွင် ဈေးများ တစ်ပတ်လျှင် သုံးရက်သာ ဖွင့်

နော်ဒွေးအယ်ခူ — ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ဈေးများကို တစ်ပတ်လျှင် သုံးရက်သာ ဖွင့်လှစ်ပြီး ကျန်ရက်တွေမှာ ဈေးထဲကို ပိုးသတ်ဆေး ဖြန်းတာတွေ ဆောင်ရွက်နေတယ်လို့ လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောပါတယ်။

"တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတဲ့ ကိုဗစ် 19ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လူတွေ အသွားအလာတွေ များတဲ့ဈေးတွေမှာ အဲဒီနဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးဖြန်းတဲ့ အစီအစဉ်တွေ ရှိတဲ့အတွက်ကြောင့် ဈေးတွေကို တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့တွေပဲ ဈေး ဖွင့်ရက်နေ့အဖြစ် သတ်မှတ်ပြီးတော့ ကျန်ရက်တွေမှာ နေ့စဉ် ပိုးသတ်ဆေးဖြန်းမှာဖြစ်ပါတယ်"လို့ ဦးသန်းထွန်းကပြောပါတယ်။

ပိုးသတ်ဆေးဖြန်းတာကို စည်ပင်သာယာရေးဝန်ထမ်းတွေသာအဓိကလုပ်ဆောင်ပြီး တစ်ခါတစ်ရံ ပရဟိတအဖွဲ့တွေလည်း လာရောက် ကူဖြန်းပေးတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကြီး (တောင်ဈေး)၊ ကန္ဒရဝတီနှစ်ထပ်ဈေးကို တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊စနေ သုံးရက်သာ ဖွင့်တော့မှာဖြစ်ပြီး ငါးရက်တစ်ဈေးဖြစ်တဲ့ နောင်ယာဈေးကိုတော့ ပုံမှန်အတိုင်း ဆက်လက် ရောင်းချခွင့်ပြုထားပါတယ်။

တစ်ပတ်လျှင် သုံးရက်သာ ပြောင်းလဲဖွင့်တော့မယ့်အကြောင်းကို ပြည်သူတွေကို ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့မှာ တရားဝင်အသိပေးထားပြီးပဲဖြစ်ပါတယ်။

လက်ရှိမှာ သီရိမင်္ဂလာတောင်ဈေးရဲ့အပြင်ဖက်မှာ ဈေးရောင်းချခွင့် ပြုထားပြီး ပြည်သူတွေ စားသောက်ကုန်ဝယ်ယူ အဆင်ပြေဖို့ အခက်အခဲမရှိအောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ခုလို တောင်ဈေးကို တစ်ပတ်လျှင် သုံးရက်သာ ပြောင်းလဲ ဖွင့်တဲ့အတွက်ကြောင့် ဈေးသည်အများစုက ဈေးပိတ်တဲ့အပေါ် နားလည်မှု ရှိကြသော်လည်း တချို့ဈေးသည်တွေက စားဝတ်နေရေးထိခိုက်မှာ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...