ကပ်ရောဂါဖြစ်ချိန်တွင် စစ်ရှောင်ပြည်သူများအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းပေးဖို့ KNDP တောင်းဆို

ကပ်ရောဂါဖြစ်ချိန်တွင် စစ်ရှောင်ပြည်သူများအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းပေးဖို့ KNDP တောင်းဆို

နန်းဝေဖြိုးဇာ — မြန်မာနိုင်ငံအပါအဝင် လျင်မြန်ကူးစက်ပြန့်ပွားသည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန်တွင် တိုင်းရင်းသားဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ငဲ့ကြည့်သောအားဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းပေးရန် သက်ဆိုင်ရာ အာ ဏာပိုင်များကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ - KDNP က တောင်းဆိုလိုက်သည်။

ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသများတွင် စစ်ဘေးရှောင်ပြည်သူများမှ ဒုက္ခပေါင်းစုံခံစားနေရပြီး ဖြစ် ကာ လက်ရှိဖြစ်ပေါ်နေသည့် Corona Virus ကူးစက်ရောဂါပါ ထပ်မံခံစားရနိုင်ခြေရှိသည့်အတွက်ကြောင့် ပစ် ခတ်တိုက်ခတ်မှု အားလုံး ခြွင်းချက်မရှိ ရပ်ဆိုင်းပေးရန်အတွက် ကရင်ပြည်နယ် အခြေစိုက် ကရင်ဒီမိုကရက် တစ်ပါတီ(KNDP) က ဧပြီလ ၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။

KNDP ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက“ပစ်ကြ တိုက်ကြလို့ပြေးရတဲ့အထဲမှာ ဒီဟာကြီးကိုရှောင်နေရ အုံးမယ်။ လူကစုပြီးမနေရဘူး။ အစားအစာလည်း ဟိုရှောင်ဒီရှောင်လုပ်ရအုံးမယ်ဆိုရင် တစ်ပူပေါ်နှစ်ပူဆင့် သဘောမျိုးဖြစ်နေတော့ တိုက်ပွဲတွေ မရှိတော့ဘူး။ ကိုယ့်အိမ်မှာပဲ အေးဆေးနေရမယ်ဆိုရင် ပိုမကောင်းဘူး လား။ သူတို့အတွက် မပစ်ခတ်ကြတော့ဘဲလုပ်ရင် ငြိမ်းချမ်းရေးအတွက်လည်း ပိုမကောင်းဘူးလား အဲဒါ ကြောင့် ထုတ်ပြန်ဖြစ်တာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲကြောင့် လက်ရှိ ကရင်ပြည်နယ် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ ၅ တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးရှောင်များရှိနေသေးသလို ရခိုင်၊ ချင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်ဘက် တွင်လည်း စစ်ပြေးရှောင်များ ရှိနေဆဲပင်ဖြစ်သည့်အတွက် ပစ်ခတ်မှု ရပ်ဆိုင်းပေးရန် တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အားလုံးကို တိုက်တွန်းခြင်းဖြစ်သည်ဟုလည်း ၎င်းကဖြည့်စွက်ပြောသည်။

ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ -WHO နှင့် မြန်မာနိုင်ငံ ကျန်းမာရေးအားကစားဝန်ကြီးဌာန၏ အသိပေးနှိုး ဆော်ချက်များကိုလည်း ပြည်သူများ လိုက်နာပေးရန်နှင့် အစိုးရကျန်းမာရေးဌာနမှ ဆောင်ရွက်သည့် Corona Virus ရောဂါ တားဆီးရေးအစီအမံအတိုင်း အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန် ပါတီဝင်များကိုလည်း KNDP ပါတီ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေး ပါတီ ၃ ပါတီ ပူးပေါင်းဖွဲ့စည်းထားသည့် KNDP ပါတီသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...