လွိုင်ကော်ကားဝင်း ကိုဗစ်၁၉ ကာကွယ်ရန် ပြင်ဆင်

လွိုင်ကော်ကားဝင်း ကိုဗစ်၁၉ ကာကွယ်ရန် ပြင်ဆင်

နော်ဒွေးအယ်ခူ -  ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်  လွိုင်ကော်မြို့ အဝေးပြေး ယာဉ်ရပ်နားစခန်းမှာခရီးသွားပြည်သူများကို အသိပညာပေး စာစောင်များ၊ ခရီးမထွက်ခင် ခရီးသည်များကို အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်း စတာတွေကို မတ်လ ၂၅ရက်နေ့ကစပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီ(ယကက) ဥက္ကဋ္ဌ ဦးစံအေးက “ လုပ်မှသာလျှင် သံသယရှိတဲ့လူနာကို တွေ့ရင်အချိန်မီ သက်ဆိုင်ရာဌာနတွေကို သတင်းပို့ပြီးတော့ ချိတ်ဆက်ပြီးတော့ သံသယရှိလူနာကို ခရီးဆက်သွားခွင့်မပြုဘူး လုံခြုံစိတ်ချတဲ့နေရာပို့မယ် ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် လုံးဝစိတ်ချရတဲ့အခြေအနေရောက်မှ လိုရာခရီးကို ကျွန်တော်တို့ ဆက်လွှတ်မှာဖြစ်ပါတယ်” လို့ မတ်လ ၂၅ရက်နေ့ကပြောပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းများအားလုံးကို ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့အညီ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိတယ်လို့ ဆိုပါတယ်။

ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နဲ့ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်အတွင်းသာမက အခြားတိုင်းနဲ့ပြည်နယ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းများအနေဖြင့် ယာဉ်ဝင်ချိန် နံနက် (၆ း၀၀)နာရီမှ ည(၂း၀၀)အချိန်အတွင်းသာ ဝင်ရောက်ပြီး ပူးပေါင်းစစ်ဆေးရေးဂိတ်မှာလည်း တာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စစ်ဆေးမှုများကို လိုက်နာပူးပေါင်းဆောင်ရွက်ပေးဖို့ မတ်လ၂၄ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲလို ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ မော်တော်ယာဉ်အသင်းကလည်း ရဲ၊ ကျန်းမာရေးဌာန၊ လဝက၊ မီးသတ်၊ ထွေအုပ်၊ အခြားတာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကယားတွင် ပြည်နယ်အတွင်းသာမက အခြားတိုင်းနဲ့ပြည်နယ်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၇၀ ကျော်ရှိပြီး ယာဉ်လိုင်းဂိတ်အသီးသီးမှာ ခရီးသည်ကျန်းမာရေးစစ်ဆေးနိုင်ရန်အတွက် အပူချိန်တိုင်းကိရိယာများ ထားရှိထားပြီး သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...