သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပါတီ ကယားမှာ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ဖို့ ရှိ

သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပါတီ ကယားမှာ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ဖို့ ရှိ
ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်တွင် ပါတီဆိုင်းဘုတ်တင် အခမ်းအနား မတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲဲ့စဉ်။
ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်တွင် ပါတီဆိုင်းဘုတ်တင် အခမ်းအနား မတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲဲ့စဉ်။

အန်ထောနီ — သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်သွားမယ်လို့ ၎င်းပါတီမှ ဒီးမော့ဆိုမြို့နယ် အလုပ်မှုဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးဆော်ရယ်က ပြောပါတယ်။

မြန်မာကိုယ်စားလှယ်ကတော့ လျာထားခြင်း မရှိသေးဘူး။ ပြည်သူ့လွှတ်တော်အဆင့်ရယ်၊ အမျိုးသားလွှတ်တော်အဆင့်ရယ်၊ ပြည်နယ်အဆင့်မှာ မဲဆန္ဒအားလုံးကို ဝင်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်”လို့ ဦးဆော်ရယ်က ပြောပါတယ်။

အဓိက ကယားဒီမိုကရက်တီပါတီနဲ့ ပူးပေါင်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဆင့်တွေ ဝင်ပြိုင်နိုင်ဖို့ ပါတီခေါင်းဆောင်က ညွှန်ကြားထားတဲ့အတွက် အလားအလာရှိတဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်မယ်လို့ သိရပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အဆင့်တွေမှာ အမျိုးသမီးများ ပါဝင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၁ ရက်နေ့ နံနက်က ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဆိုင်းဘုတ်တင်အခမ်းအနားကို ဒီမောဆိုမြို့ မြိုမရပ်ကွက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“တိုင်းရင်းသားဒေသမှာ ယှဉ်ပြိုင်ရခြင်း ရည်ရွယ်ချက်ကတော့ ကျနော်တို့ ပြီးခဲ့တဲ့ ရွေးချယ်တင်မြှောက်ပွဲတွေမှာ ကျနော်တို့ ပြည်နယ်တွေမှာ အစိုးရ ပြန်လည်ဖွဲ့စည်းတဲ့အချိန်မှာ နည်းနည်းလေး ဒေသခံလူမျိုးတွေ၊ နောက်တစ်ခုက  ရွေးချယ်တင်မြှောက်တဲ့နေရာမှာ သူ့နေရာနဲ့သူ သဟာဇာတ မဖြစ်လို့ အဲဒါ ကျနော်တို့ပါတီအနေနဲ့ ဒီပြည်နယ်မှာ ပါတီငယ်တွေနဲ့ မိတ်ဖွဲ့ပြီးတော့ ကိုယ်စားလှယ်လောင်းတွေ ကိုယ့်ဒေသမှာ ပေါက်ဖွားနိုင်တဲ့ ကိုယ့်အမျိုးသားတွေ များများ ထွက်လာအောင်ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ လုပ်ရခြင်း ဖြစ်ပါတယ်” လို့  ဦးဆော်ရယ်က ဆိုပါတယ်။

ဗဟိုကော်မတီ ညွှန်ကြားချက်အရ ကိုယ်စားလှယ်လောင်းတွေကို ကိုယ့်မြို့နယ်နဲ့ ကိုယ် ရွေးချယ်သွားမှာ ဖြစ်ပြီး လက်ရှိမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားခြင်း မရှိသေးဘဲ ချဉ်းကပ်ရုံသာ ရှိသေးတယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဟာ တပ်မတော်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့တဲ့ သူရ ဦးရွှေမန်း ဦးဆောင်တည်ထောင်တဲ့ ပါတီ ဖြစ်ပါတယ်။ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက်မှာတော့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...