တိုင်းရင်းသားပါတီများကို ကရင်နီပြည် လူမျိုးစုလူငယ်များ ဝန်းရံသွားမည်

တိုင်းရင်းသားပါတီများကို ကရင်နီပြည် လူမျိုးစုလူငယ်များ ဝန်းရံသွားမည်

နော်ဒွေးအယ်ခူ - လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်နီပြည်လူမျိုးစုလူငယ်များက ကရင်နီပြည်အခြေစိုက် တိုင်းရင်းသားပါတီများကို ဝန်းရံသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က လွိုင်ကော်မြို့နယ် ဝမ်ငေါ့ကျေးရွာမှာ ပြုလုပ်တဲ့ ကရင်နီပြည်လူမျိုးစုလူငယ်တွေ တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ ထုတ်ပြန်ကြေငြာလိုက်တာပါ။

ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါမိနစ်စိန်က "ကိုယ့်ပြည်နယ်ရဲ့ အနေအထားအရ ကိုယ့်ပြည်နယ်မှာ ရှိတဲ့ သူတွေကတော့ ကိုယ့်အသံကို ပိုပြီး နားထောင်ရမယ် ဆိုတဲ့ဟာမျိုးပေါ့။ ၂၀၁၅မှာ နိုင်ခဲ့တဲ့ NLD ဆိုရင် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့မှ နားမထောင်ပေးဘူးပေါ့နော။ ပိုပြီး ပိတ်ပင်မှုတွေ များတယ် ။ ၂၀၂၀မှာတော့ တိုင်းရင်းသားပါတီကို ဝန်းရံခြင်းအားဖြင့် နိုင်ငံရေးကအစ တိုင်းရင်းသားအရေးက ပိုပြီးအဆင်ပြေမှာပေါ့” လို့ ဆိုပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာသာ တိုင်းရင်းသားပါတီ အနိုင်ရခဲ့မယ်ဆိုရင် လူငယ်တွေ နိုင်ငံရေးမှာ ပိုမိုပါဝင်နိုင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်အသံ ပါဝင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ၎င်းက ဆက် ပြောပါတယ်။

ခုလို တိုင်းရင်းသားပါတီတွေကို လူငယ်တွေက ဝန်းရံပေးမယ့်အပေါ် အားရကျေနပ်မှုရှိကြောင်း ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ခွန်းဘီထူးက “ကျွန်တော်တို့ကလည်း ကတိပြန်ပေးတယ်၊ အထူးသဖြင့် လူငယ်တွေနဲ့ ပတ်သက်ရင် ဒီထက် ပိုကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး၊ လူငယ်တွေကို ပိုပြီး ဂရုစိုက်မယ့် အခြေအနေမျိုးတွေ၊ လူငယ်တွေနဲ့ပတ်သက်ရင် အစိုးရသော်လည်းကောင်း၊ နိုင်ငံရေးပါတီသော်လည်းကောင်း ပို ကောင်းမွန်တဲ့ ချိတ်ဆက်မှုစနစ်တွေ တည်ဆောက်သွားမယ်ဆိုတဲ့ အကြောင်း ကတိပေးတယ်”လို့  ပြောပါတယ်။

ပါတီစည်းရုံးရေး ဆင်းတဲ့အခါမှာလည်း လူငယ်ဖက်က လူထုတွေကို ပညာပေးစည်းရုံးတဲ့နေရာမှာ ဝိုင်းဝန်းကူညီပေးစေချင်သလို လာမယ့် ရွေးကောက်ပွဲမှာလည်း တိကျတဲ့ မဲပေးမှုနဲ့ ပယ်မဲ မဖြစ်စေရေး ကူညီပေးဖို့ ၎င်းက တိုက်တွန်းပြောဆိုပါတယ်။

လက်ရှိမှာလည်း ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP) စတဲ့ အခြေစိုက်တိုင်းရင်းသားပါတီတွေက ပူးပေါင်း မဟာမိတ်ဖွဲ့ထားတာဖြစ်သလို ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ နှစ်ပါတီသာလျှင် အစိုးရ ဖွဲ့နိုင်ခဲ့မယ်ဆိုရင် ဝန်းရံသွားမယ့် လူငယ်တွေအတွက် လူငယ်ရေးရာကိစ္စတွေကို အကောင်အထည်ဖော်နိုင်မယ့်၊ ကျစ်လျစ်တဲ့ ကော်မတီ၊ ဘတ်ဂျက် စတာတွေကို စီစဉ်ဆောင်ရွက်သွားမယ်လို့လည်း ခွန်းဘီထူးက ဆိုပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ခူးဖိုးရယ်ကလည်း “ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်း ရှိတယ်။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒထဲမှာလည်း ရှိတယ်။ လူငယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပါတီက ပြဋ္ဌာန်းထားပြီးသားရှိတယ်။ ပြဋ္ဌာန်းထားတဲ့ မူဝါဒနဲ့အညီ လူငယ်တွေကို ပံ့ပိုးသွားဖို့ ရှိပါတယ်” လို့ ပြောဆိုထားပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ (၂၈၆၆၂၇)ဦး ရှိပြီး လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၂သိန်း မပြည့်ဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...