လွိုင်ကော်မြို့နယ် တရားစွဲခံ တောင်သူတွေကို ငွေဒဏ် ထောင်ဒဏ်များ ချမှတ်

လွိုင်ကော်မြို့နယ် တရားစွဲခံ တောင်သူတွေကို ငွေဒဏ် ထောင်ဒဏ်များ ချမှတ်
တောင်သူများကို လွိုင်ကော်မြို့နယ်တရားရုံးရှေ့ မတ်လ ၂၀၂၀ က မြင်တွေ့ရစဉ်။
တောင်သူများကို လွိုင်ကော်မြို့နယ်တရားရုံးရှေ့ မတ်လ ၂၀၂၀ က မြင်တွေ့ရစဉ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ လယ်မြေကိစ္စနဲ့ပတ်သက်ပြီး တောင်သူအရေး လိုက်ပါဆောင်ရွက်သူ သုံးဦး၊ တောင်သူ ၁၉ ဦး၊ ပေါင်း ၂၂ ဦးကို အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့က တရားစွဲဆိုထားမှုအပေါ် လွိုင်ကော်မြို့နယ်တရားရုံးက မတ်လ ၁၃ ရက်မှာ ဒဏ်ငွေ၊ ထောင်ဒဏ်များ အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။

တရားစွဲဆိုခံရတဲ့ တောင်သူတစ်ဦးဖြစ်သူ ဦးဦးရယ်က“ရှင်းရှင်းပြောရင် နှစ်ဘက်စလုံး ဟို စစ်တပ်ဘက်ကလည်း ကျေနပ်သွားအောင် ၊ ကျနော်တို့ တောင်သူဘက်ကလည်း မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သက်သာအောင်၊ ပေါ့အောင် လုပ်လိုက်တဲ့ သဘောပဲ၊ ကျနော်တို့ အစကတည်းကလည်း သိပြီးသား။ ကျနော်တို့ အစကတည်းက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ ရှုံးမယ်ဆိုတာ သိပြီးသား၊ ဒါပါပဲ” လို့ ပြောပါတယ်။

လွိုင်ကော်မြို့နယ်မှာ ၁၉၉၀ ခု ဝန်းကျင်က လာရောက်အခြေချခဲ့တဲ့ အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့က ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲရွာမြေတွေကို တပ်စခန်းဆောက်ဖို့ သိမ်းယူခဲ့တာပါ။

အဆိုပါ ကျေးရွာသုံးခုကနေ စစ်တပ် သိမ်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ ကျူးကျော်တာတွေ၊ ခြံခတ်ဖို့ ကျောက်တိုင်တွေကို ဖျက်ဆီးတာတွေ၊ ညစ်ညမ်းစွာ ဆဲဆိုတာတွေ၊ ဝတ္တရားနှောင့်ယှက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး ဖော်ပြပါ တပ်တွေက တပ်မတော်အရာရှိတွေက ပုဒ်မ ငါးခုနဲ့ တရားစွဲဆိုခဲ့တာပါ။

ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အကျိုးပျက်စီးစေမှု ပုဒ်မ ၄၂၇၊ နိုင်ငံတော်ပိုင်ပစ္စည်းပျက်စီးစေမှု ပုဒ်မ ၆/၁၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၂၄၉ စတဲ့ ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။



ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင်သုံးဦးဖြစ်တဲ့ ခွန်းဘွဲ့မှူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်တို့အပြင် ဒေါမူကလား၊ မြေနီကုန်းနဲ့ သုံးမိုင်ကကြဲရွာတွေက တောင်သူ ၁၉ဦး၊ ပေါင်း ၂၂ ဦး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

သိမ်းယူမြေတွေထဲက ပိုနေတဲ့ မြေတွေပေါ်မှာ ဒေသခံတွေ နှစ်စဉ် ထွန်ယက်စိုက်ပျိုးရာကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လယ်မြေတွေပေါ်မှာ တပ်က ဆက်ပြီး လုပ်ကိုင်ခွင့် မပေးနိုင်တော့ဘူးလို့ ပြောဆိုကာ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ အမှတ်အသား မှတ်တိုင်စိုက်တာ၊ ခြံစည်းရိုးခတ်တာတွေကို ပြုလုပ်လာတဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ပြဿနာ ဖြစ်ခဲ့ကြပြီး စစ်တပ်က တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဒဏ်ငွေ နှစ်သောင်း၊ သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရတဲ့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ခွန်းဘွဲ့မှူးက “ကျနော်တို့ကို အခုလို အမိန့်ချမှတ်လိုက်တာက တရားမျှတမှု မရှိဘူးလို့ ပြောချင်တယ်၊ တောင်သူတွေနဲ့ စစ်တပ်တွေ ပြဿနာဖြစ်တဲ့အချိန် ကျနော်တို့က မဖြစ်သင့် မဖြစ်ထိုက်တာ ဖြစ်မှာစိုးလို့ သွားပြီး တားတယ်၊ သတင်းအချက်အလက်တွေ ရယူတယ်။ အဲဒါ ကျနော်တို့ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတော့ တရားမျှတမှု မရှိဘူး” လို့ ပြောပါတယ်။

တရားစွဲဆိုထားတဲ့ အမှုတွေထဲက အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ချမှတ်လို့ရတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ အမှုကို ထောင်ဒဏ် (၆) လ (သို့မဟုတ်) ဒဏ်ငွေ ၂ သောင်း ချမှတ်ခဲ့ပြီး၊ ကျန်အမှုတွေဖြစ်တဲ့ ပုဒ်မ ၄၄၇ ကို ဒဏ်ငွေနှစ်သောင်း (သို့မဟုတ်) အလုပ်နှင့်ထောင်ဒဏ် (၁၅) ရက်၊ ပုဒ်မ ၄၂၇၊ ၃၅၃၊၂၉၄ အမှုတွေကို ငွေဒဏ် ကျပ်နှစ်သောင်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

တရားစွဲဆိုခံရတဲ့ တောင်သူတွေဘက်က ဒဏ်ငွေပေးဆောင်ပြီး အမှုပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

ဧပြီလ ၂၄ ရက်နေ့ လွိုင်ကော်မြို့ ပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေ အစည်းအဝေးပြုလုပ်နေစဥ်။
April 26, 2024
၁၁၁၁ စစ်ဆင်နောက်ပိုင်း မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးနေတဲ့ ကရင်နီပြည်ရဲ့...
ဓါတ်ပုံ - crd
April 23, 2024
သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့နဲ့...
April 22, 2024
ကရင်နီပြည်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေအသာစီး ရရှိထားနေပြီး တချို့သော မြို့နယ်တွေကို ၂၀၂၃...
April 22, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ တောထဲတစ်နေရာမှာ...