ကယားတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ၅၀၀ ကျော် ရှိ

ကယားတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ၅၀၀ ကျော် ရှိ

နော်ဒွေးအယ်ခူ — ကယားပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်တဲ့ ကျောင်းသားကျောင်းသူ ၅၅၇ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူး ဦးစောအယ်ဒိုဝါးထံမှ သိရပါတယ်။

ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသား ၈၄၆၃ဦး စာရင်းရှိသော်လည်း ပျက်ကွက်သူ ၅၀၀ကျော် ရှိနေတာပဲဖြစ်ပါတယ်။ ကျောင်းသား (၃၀၇)ဦး နဲ့ ကျောင်းသူ (၂၅၀)ဦး ပျက်ကွက်တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့တွင် စာစစ်ဌာန (၁၁)ခု၊ ဒီမော့ဆိုမြို့တွင် စာစစ်ဌာန ၅ခု၊ ဖားဆောင်းမြို့တွင် စာစစ်ဌာန ၁ခု၊ ဖရူဆိုမြို့တွင် ၁ခု၊ ဘောလခဲမြို့တွင် ၁ခု၊ မယ်စဲ့မြို့တွင် ၁ခု၊ ရှားတောမြို့တွင် ၁ခု၊ စုစုပေါင်း စာစစ်ဌာန ၂၁ ခု ရှိပါတယ်။

“ကောင်းကောင်း ဖြေဆိုနိုင်ဖို့ ကျွန်တော်တို့ ကြီးကြပ်ရေးမှူးတွေ၊ လက်ထောက် ကြီးကြပ်ရေးမှူးတွေ အပြည့်အဝ ခန့်ထားတယ်။ စိတ်အနှောင့်အယှက် မဖြစ်ရအောင်လည်း စီစဉ်ပေးထားတယ်။ အရေးပေါ် ဆေးရုံတက်ဖြစ်ခဲ့ရရင်လည်း ကျန်းမာရေးအဖွဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ထားပါတယ်” လို့ ပြည်နယ်ပညာရေးမှူးဦးစောအယ်ဒိုဝါးက ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှာ မတ်လ ၁၁ ရက်နေ့မှစတင်ကျင်းပနေတာပဲဖြစ်ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...