တပ်စခန်း ပြုပြင်ရန် ရွာများထံမှ သစ်၊ ဝါး တောင်းယူ

တပ်စခန်း ပြုပြင်ရန် ရွာများထံမှ သစ်၊ ဝါး တောင်းယူ
ဝါးလာသယ်နေတဲ့ စစ်တပ်ကား တွေ့ရစဉ်။ ဓါတ်ပုံ – ဒေသခံ
ဝါးလာသယ်နေတဲ့ စစ်တပ်ကား တွေ့ရစဉ်။ ဓါတ်ပုံ – ဒေသခံ

ကယားပြည်နယ် ဒီးမောဆိုမြို့ နယ် ထီးဖိုးကလိုးကျေးရွာတွင် ၁၀၂ တပ်ရင်းက တပ်စခန်း တိုးချဲ့ ပြုပြင်ရန်ဆိုပြီး တပ်စခန်းမှူး ဗိုလ်မှူးလှမိုးက ထီးဖိုးကလိုးအုပ်စုအတွင်း ကျေးရွာများထံမှ သစ်၊ ဝါး များ တောင်းယူခဲ့တယ်လို့ ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။

“ သူတို့ တပ် ပြုပြင်ဖို့ဆိုပြီးတော့ တောင်းတယ်။ ထီးဖိုးကလိုးရွာမှာ တပ်စခန်း ရှိတယ်လေ။ ဒါပေမဲ့ လာသယ်သွားတာတော့ တပ်ရင်း ၁၀၂ အထိ သယ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်းယူထားတဲ့ သစ်၊ ဝါးများကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စစ်ကား ၆ ဘီးကား တစ်စီးဖြင့် လာရောက် သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ ထီးဖိုးကလိုး အုပ်စုအတွင်းရှိ ကျေးရွာ ဥက္ကဋ္ဌများကို ခေါ်ယူတွေ့ဆုံပြီး တောင်းယူခဲ့တယ်လို့ သိရပါတယ်။

“ ဒီအခြေအနေအရဆိုရင် မတောင်းသင့်တော့ဘူးလေ။ ကျွန်တော်တို့က မပေးဘူးဆိုရင်လည်း မကောင်းဘူးလေ။ ပေးမယ်ဆိုရင်လည်း မပေးသင့်တော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေါခူလီ၊ ဖဲလျား၊ ထီးသဲကလိုး၊ ဒေါလျားခူ စတဲ့ ကျေးရွာများကို ၁၄ ပေရှိတဲ့ သစ်လုံး ၃ လုံးစီ တောင်းယူခဲ့ပြီး ဒေါတဒါးမှ ဝါး ၁၀ ချောင်း၊ ဒေါဘျာကူးမှ ဝါး အချောင်း ၂၀၊ ဒေါခူသွဲ့မှ ဝါး ၁၅ ချောင်းနှင့် ထီးဖိုးကလိုးမှ ပျဉ်ပန်ကန် စက် (၂) စီး တောင်းယူခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ ချုပ်ဆိုထားတဲ့ Bilateral Ceasefire Agreement မှာ တပ်စခန်းနဲ့ တပ်အင်အားများ မတိုးချဲ့ဖို့ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...