ကယားပြည်နယ်တွင် တရားမဝင် နေထိုင်သူ နိုင်ငံခြားသားများကို စစ်ဆေးမည်

ကယားပြည်နယ်တွင် တရားမဝင် နေထိုင်သူ နိုင်ငံခြားသားများကို စစ်ဆေးမည်

နော်ဒွေးအယ်ခူ — ကယားပြည်နယ်အတွင်း တရားမဝင်တဲ့ နိုင်ငံခြားသား ဝင်ရောက်နေထိုင်မှုကို အဓိက ကိုင်တွယ်သွားမယ်လို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးခင်မောင်ဖြူက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အဓိက အရေးကြီးတာက တရားမဝင်တဲ့ နိုင်ငံခြားသားတွေဝင်ရောက်တဲ့ကိစ္စပေါ့နော၊ အဝင်အထွက် အသွားအလာတွေကြားနေရတယ်။ နေထိုင်တာလည်းကြားနေရတယ်။ ဒါတွေကို ဘယ်လိုအရေးယူမလဲ၊ ဘယ်လိုဖော်ထုတ်မလဲပေါ့နော။ ဒါတွေကို လောလောဆယ်မှာကိုင်တွယ်ဖို့စဉ်းစားထားတယ်” လို့ ဝန်ကြီးဦးခင်မောင်ဖြူက ပြောပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီးဦးခင်မောင်ဖြူကို

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၇/၂၀၂၀အရ ဖေဖော်ဝါရီ ၁၇ ရက်မှာ ခန့်အပ်အတည်ပြုလိုက်ပြီးနောက် ဝန်ကြီးက ၎င်း၏ ပထမ လုပ်ငန်းစဉ်ကို ပြောကြားသွားတာဖြစ်ပါတယ်။

ဝန်ကြီးဦးခင်မောင်ဖြူကို အခုလို ပူးတွဲတာဝန်ပေးအပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ အဆိုပြု တင်သွင်းထားခဲ့တာဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးတာမရှိတဲ့အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာ သဘောတူကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

“ဝန်ကြီးဌာနအသစ်ဆိုတော့ စပြီးလေ့လာရမယ်။ ပိုပြီးကြိုးစားရမှာပေါ့နော။ များများလေ့လာမှ ဒီဌာနကို ကွပ်ကဲနိုင်မှာပေါ့နော။ ခု နေ့တိုင်းစလေ့လာနေပါပြီ။ ကျွန်တော် ဌာနနဲ့တွေ့ပြီးရင် တွေ့သင့်တွေ့ထိုက်တဲ့ မြို့မိမြိုဖတွေ ရပ်ကွက်တွေ ဒါတွေနဲ့သီးခြားပေါ့ ခေါ်ပြီးတော့ ဆွေးနွေးမယ် ၊ အချက်အလက်တွေယူမယ်၊ စဉ်းစားထားတာပေါ့” လို့ ဝန်ကြီးကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ဦးတင်ဌေးဆိုသူကို ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဝန်ကြီးချုပ် အဆိုတင်သွင်းခဲ့ပေမယ့်လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုကြောင့် ခန့်အပ်နိုင်ခဲ့ခြင်း မရှိပါဘူး။

ကယားပြည်နယ်အတွင်း အဓိက ခဲသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံခြားသား အများစု ဝင်ထွက်သွားလာနေကြတာဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...