ဘောလခဲလွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူနှင့် ထိတွေ့မှု ယနေ့အချိန်ထိ အားနည်းနေဆဲ

ဘောလခဲလွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူနှင့် ထိတွေ့မှု ယနေ့အချိန်ထိ အားနည်းနေဆဲ

ကယားပြည်နယ် ဘောလခဲမြို့ နယ်တွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ပြည်သူများနှင့် ထိတွေ့မှုသည် ယနေ့အချိန်ထိ အလွန်အားနည်းနေဆဲ ဖြစ်တယ်လို့ ဘောလခဲမြို့နယ် ဒေသခံအများစုက ပြောဆိုနေကြပါတယ်။

“ ကျတော်တို့ကတော့ ပြည်သူနဲ့ လွှတ်တော်အမတ်နဲ့ ထိတွေ့စေချင်တယ်။ ပြည်သူက ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ အခုက ဘာမှ မရှိဘူး။ ကျတော်တို့က လွှတ်တော်အမတ်တွေဆိုရင် တွေ့တောင် မတွေ့ဖူးဘူး အဲ့လိုလေ။ အမှန်မှာက ပြည်သူနဲ့ တစ်သားတည်း ဖြစ်နေရမှာလေ။” လို့ ဘောလခဲမြို့ နယ် ရှမ်းပိုင်းကွက်သစ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးနိုင်ဇော်ကပြောပါတယ်။

ဘောလခဲမြို့ နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်တွေ အနိုင်ရရှိထားတဲ့ မြို့နယ်ဖြစ်တဲ့အတွက် ဒေသ၏လိုအပ်ချက်တွေကို အစိုးရထံ တင်ပြဖို့ အခက်အခဲတွေလည်းရှိနေကြတယ်လို့ဆိုပါတယ်။

အစိုးရဖွဲ့ခွင့်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝန်ကြီးတွေကလည်း ပြည်သူတွေထံ လိုအပ်ချက်တွေကို လာရောက်မေးမြန်းတာလည်းမရှိဘူးလို့ သိရပါတယ်။

ဘောလခဲမြို့ နယ် ရှမ်းပိုင်းရပ်ကွက်တွင် နေထိုင်သူ ဦးဇော်ဇော်ဦးက “ကျတော်တို့ ဘောလခဲကမှာက အစိုးရ နှစ်ခုလိုဖြစ်နေတယ်။ အစိုးရ တစ်ခုက အနိုင်ရထားတယ်။ နိုင်ငံကို ဦးဆောင်နေတယ် နောက်အစိုးရတစ်ခုက နိုင်ငံကို ဦးမဆောင်ဘူး လွှတ်တော်ထဲကို ရောက်လာတယ်။ ဘောလခဲမှာ အစိုးရနှစ်ခု ရှိတယ်။ နှစ်ခုရှိတဲ့ အတိုင်းအတာမှာ လူထု လိုအပ်ချက်ကို ဘယ်တစ်ခုက လာမေးမလဲ၊ ဘယ်တစ်ခုက လာမေးမလဲလို့ စောင့်ရင်းနဲ့ ငါးနှစ်ပြည့်တော့မယ်။ မြို့ပေါ်မှာ ရံဖန်ရံခါလောက်ပဲ မေးကောင်းမေးတယ်။ သူတို့ မိသားစု အသိုင်းအဝိုင်းလောက်ပဲမြင်တယ်လေ။” လို့ပြောပါတယ်။

ဘောလခဲမြို့နယ်မှဒေသခံပြည်သူတွေအနေနဲ့ လိုအပ်တဲ့အခက်အဲတွေရှိရင် အချိန်မရွေးဆက်သွယ်နိုင်ကြောင်း မိမိတိုပအနေနဲ့ လွှတ်တော်အစည်းအဝေးတွေက အရင် ပထမအကြိမ်လွှတ်တော်သက်တမ်းထက် ပိုပြီးများလာတာဖြစ်လို့လည်း မအားလပ်နိုင်ကြောင်း ဘောလခဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က ပြောပါတယ်။

“ကျတော်တို့ လာနေရတာလည်း တစ်လပဲ တစ်လဆိုတော့ ဟိုလုပ်၊ ဒီလုပ် ပြီးတော့ ရုံးပိုင်းဆိုင်ရာအလုပ်၊ လွှတ်တော်ဖွ့ံ့ဖြိုးရေး ရံပုံငွေအလုပ် အဲ့ဒီအလုပ်တွေနဲ့ ကျတော်တို့ လုံးပန်းပြီးတော့မှ တခါပြန်သွား ပြန်လာရတယ်။ ကျတော်တို့ လွှတ်တော်တက်ရက် စိပ်တာလည်း ပါတာပေါ့နော။ တွေ့တာတော့ တွေ့ပါတယ်။ ချိကွဲ့တို့ ဆိုရင် နှစ်ကြိမ်မြောက်သွားပါပြီ။” လို့ ဦးအေးမောင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် ကတော့ ၎င်းမဲဆန္ဒနယ်အတွက် မေးခွန်း ၆ ခုလောက် မေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးဆက်ပြောပါတယ်။

ဘောလခဲမြို့နယ်မှာတော့မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှာဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးအေးရွှေ၊ မဆန္ဒနယ်အမှတ်(၂) ဦးစိုးရယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာ ဦးအေးမောင်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၈) ဦးကျော်သန်း ဖြစ်ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၉)မှာတော့ တစ်သီးပုဂ္ဂလ အဖြစ် ဦးစိုးသိန်းက အနိုင်ရထားကြတာဖြစ်ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...