ခမရ ၄၂၇ တပ်ထဲ ရောက်နေတဲ့ အသက်မပြည်သေးတဲ့ ကလေးကို မိဘတွေ ပြန်ခေါ်ချင်နေ

ခမရ ၄၂၇ တပ်ထဲ ရောက်နေတဲ့ အသက်မပြည်သေးတဲ့ ကလေးကို မိဘတွေ ပြန်ခေါ်ချင်နေ

ရှမ်းပြည်နယ်တောင်းပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ်ကျေးရွာက ဦးယိုဘာ၊ ဒေါ်ဆိုးနေဖောတို့ရဲ့ သား အသက် ၁၈ နှစ်မပြည့်သေးသူ မောင်အောဟာ လက်ရှိ ဒီးမော့ဆိုမြို့နယ် က ခမရ ၄၂၇ တပ်ထဲမှာ ရောက်ရှိနေပြီး မိဘတွေက သူ့ကို ပြန်ခေါ်ယူချင်နေတယ်လို့ မောင်အောရဲ့ ဦးလေးဖြစ်သူ က ကန္တာရဝတီတိုင်း မ်ကို ပြောပါတယ်။

“ကလေးကစစ်ထဲ၀င်မယ်ဆို တဲ့ ဆန္ဒမျိုးသူ့မှာလုံး၀မရှိဘူး။ ကလေးက ကျောင်းတော့မနေတော့ဘူး။ (၁)တန်းထိပဲနေရတယ်။ ကလေးကညဏ်မမီဘူး။မိုးဗြဲနဲ့ဖုံးတော သွားတဲ့လမ်းကြားနားက တိုက်အိမ်တစ်လုံးမှာ ကျတော်ကိုခေါ်သွားတယ်လို့ကလေးကပြောတယ်။ အဲ့ဒီကနေပဲ အဲအိမ်ပိုင်ရှင်က ကျတော်ကို စစ်ထဲသွင်းလိုက်တယ်လို့ကလေးကပြောတယ်” လို့ မောင်အော ရဲ့ ဦးလေးဖြစ်သူ ဦး ဘွယ်ထူးကပြောပါတယ်။

လက်ရှိ မှာ ခမရ ၄၂၇ တပ်ထဲကို ရောက်နေတာ ၁ ကျော်ရှိနေပြီး မိဘတွေဆီကို ဖုန်းနဲ့ ဆက်သွယ်လာတဲ့ အခါမှ သိရတာဖြစ်တယ်လို့ ဦးလေးဖြစ်သူကဆိုပါတယ်။

ဧပြီလကတည်းက ပျောက်သွားတဲ့ မောင်အောကို မိဘတွေက သစ်ဆွဲ သွားတယ်လို့ ထင်ခဲ့တာကြောင့် ရဲစခန်းကို ချက်ချင်းမတိုင်ခဲ့ပဲ အတော်ကြာမှ ရဲကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။

“သူတို့ အရင်ဆုံးပင်လောင်းမှာ(၃)လ သင်တန်းသွားတတ်ရတယ်လို့ပြောတယ်။ ကျတော်(၅၃၀)စစ်တပ်မှာ သွားစုံစမ်းကြည့်တယ် မတွေ့ဘူး။ ကျတော်ရဲစခန်းမှာ လူပျောက်တဲ့သတင်းကိုပို့ပီးမှ နောက်မနက်မှာ ကလေးကကျတော်ကို ဖုန်းခေါ်လာတယ်။သူကိုမေးကြည့်လိုက်တော့သူက အမှတ်(၄၂၇) စစ်တပ်မှာရောက်နေတယ်လို့ပြောပါတယ်။ ကလေးပျောက်သွားတာ(၈)လလောက်ရှိပါပီ။ ကျတော့အနေနဲ့တော့ ကလေးကိုပြန်ခေါ်ချင်ပါတယ်။” ဦးဘွယ်ထူး

မိဘဖြစ်သူတွေမှာ ကယန်းလူမျိုးတွေဖြစ်ပြီး ဗမာစကားမတတ်တဲ့အတွက် ဆွေမျိုး တွေ အကူအညီနဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အကြောင်းကြားခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိမှာ ကလေးကိုပြန်ခေါ်ချင်ပေမယ့် အမှတ် ၄၂၇ တပ်ရင်းက ဗိုလ်ကြီးက “ကလေးက သင်တန်းကျောင်းဆင်း ပြီးပြီ၊ လက်မှတ်ရထားပြီးပြီ၊ ဒါနိုင်ငံတော်ရဲ့ လူဖြစ်သွားပြီ ပြန်ခေါ်လို့ မရတော့ဘူး။” လို့ ပြောကြောင်း ဦးဘွယ်ထူးက ကန္တာရဝတီတိုင်း မ်ကိုပြောပါတယ်။

မောင်အောနှင့်အတူ အသက်မပြည့်သေးတဲ့ တခြားရွာက ကလေးတစ်ယောက်ကလည်း ပါသွားပြီး သူကတော့ ရခိုင်ပြည်နယ်ဘက် ရောက်သွားတယ်လို့ သိရပါတယ်။

ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်ပြရေး နိုင်ငံအလိုက်အထူးတာဝန်အဖွဲ့ Country Task Force on Monitoring and Report (CTFMR) ကတော့ အဆိုပါ ကလေးစစ်သားနဲ့ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာတွေကို ပေးပို့ပေးရင်တော့ ကူညီနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမတို့ဘက်ကတော့ တပ်မတော်ထဲကိုအသက်(၁၈)နှစ်မပြည့်သေးဘဲနဲ့စုဆောင်းခံသွားရတဲ့ကလေးတွေ၊ တာ၀န်ထမ်းဆောင်ရတဲ့ကလေးတွေကို သူတို့နုတ်ထွက်ချင်တယ်ဆိုရင် သူတို့ နုတ်ထွက်လို့ ရအောင် ကျမတို့ အဖွဲ့ အစည်းက ကူညီပြီးတော့ ဆောင်ရွက်ပေးပါတယ်။” လို့ အဖွဲ့ ရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

အခုလို ကလေးစစ်သားစုဆောင်းရေးထဲပါသွားတဲ့ကိစ္စနဲ့ပတ်သက်လို့ အကူအညီရယူလိုလျှင် သက်ဆိုင်ရာ အနီးစပ်ဆုံး World Vision နိုင်ငံတကာအဖွဲ့အစည်းကိုလည်း ကလေးရဲ့ အချက်အလက်တွေနဲ့အတူ လာရောက်တိုင်ကြားနိုင်တယ်လို့သိရပါတယ်။

အရွယ်မရောက်သေးမှီ စစ်မှုထမ်းနေတဲ့ကလေးတွေကို မြန်မာ့တပ်မတော်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ၂၀၁၂ ခုနှစ် ဇွန်လကတည်းက မြန်မာအစိုးရမှ ကုလသမမဂ္ဂနှင့်အတူ ပူးတွဲလုပ်ငန်းဆောင်ရွက်မှု စီမံချက် (Join Action Plan) ကိုစတင်သဘောတူလက်မှတ်ထိုးပြီးတဲ့နောက်မှာ ကလေးသူငယ်နဲ့လူငယ်စုစုပေါင်း (၉၅၆)ဦး တပ်မတော်ကနေ နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ (CTFMR)၏ ၂၀၁၉ မတ်လ အစီရင်ခံစာအရ သိရပါတယ်

တပ်မတော်ကနေ တပ်သားအဖြစ်ခေါ်ယူစုဆောင်းတဲ့ မသင်္ကာဖွယ်ကိစ္စတွေ ရှိမယ်ဆိုလျှင် ဆက်သွယ်ကူညီတောင်းဖို့ (၀၉၄၂၁၁၆၆၇၀၁ နငှ့် ၀၉-၄၂၁၁၆၆၇၀၂) ကို ဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...