တောင်သူပိုင် မြေယာအပေါ် အုတ်တံတိုင်းခတ်မှု သက်ဆိုင်ရာက ညှိနှိုင်းပေးစေလို

တောင်သူပိုင် မြေယာအပေါ် အုတ်တံတိုင်းခတ်မှု သက်ဆိုင်ရာက ညှိနှိုင်းပေးစေလို

လွိုင်ကော်မြို့ ၊ မြို့ပြင်နေရာတွင် တပ်မတော်ကနေ ခြံစည်းရိုးများ တည်ဆောက်ရန် လုပ်ဆောင်လာသည့်အပေါ် တောင်သူများက စိုးရိမ်နေသည့်အတွက် သက်ဆိုင်တဲ့ အစိုးရနဲ့ ဌာနဆိုင်ရာတွေကို ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း အမည်မဖော်လိုသူ တောင်သူတစ်ဦးကပြောပါတယ်။

၎င်းက “ရွာသားတွေလဲလိုက်လာပြီးတော့ တားသေးတယ်။ မရဘူး။ လုံခြုံရေးတွေကလည်း အပြည့်ချထားတယ်။ ခဏလေးစောင့်ပါအုံး သက်ဆိုင်ရာထွေအုပ်တို့ကို စောင့်ပါအုံးပြောတာလည်းမရဘူး အုတ်တံတိုင်းချဖို့လုပ်နေတယ်။” ဟု ပြောပါသည်။

၎င်းနေရာကို ၁၉၉၁/၉၂ ခုနှစ်တွင် တပ်မြေအဖြစ်လျာထားခဲ့တာကြောင့် မည်သည့်သီးနှံမှစိုက်ပျိုးခြင်းမရှိခဲ့ပေ။ တပ်ဖက်ကလည်း ၎င်းမြေကို အသုံးပြုခဲ့ခြင်းမရှိတာကြောင့် လှစ်လပ်နေသည့်မြေကို ဒေသခံများကပြန်လည်စွန့်လွတ်ပေးရန် တောင်းဆိုထားသည်။

လွိုင်ကော်မြို့၏ မြောက်ဘက်တွင်ရှိသည့် BE တပ်နှင့် ဆက်သွယ်ရေးတပ်မှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လျာထားသည့်မြေယာပေါ်တွင် အလံများလာရောက်စိုက်ထူခဲ့ပြီး ယနေ့နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စက်ယန္တယားများဖြင့် ခြံစည်းရိုးများကာရံရန် မြေများကိုလာရောက်တူးဖော်နေကြောင်း ၎င်းကဆိုသည်။

တပ်မတော်ဖက်မှ အခုလို တောင်သူများ၏မြေယာများကို သိမ်းယူထားခြင်းသည် ပြည်သူလူထုများကို နစ်နာစေရန်ပြုလုပ်ခြင်း၊ အဟန့်အတားပြုလုပ်ခြင်း၊ လူမျိုးသုန်းသတ်ဖြတ်မှုလုပ်ရပ်တစ်ခုအနေဖြင့် ဆောင်ရွက်နေသည်ဟု ခံစားနေရကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်က ပြောပါသည်။

“အကောင်အထည်မဖော်တာ ကြာပြီ တပ်ကဘာမှမလုပ်တာကို ပြန်ပေးဖို့တောင်းနေတာကြာပြီ ပြန်မပေးဘူးဖြစ်နေတယ်။ တည်ဆဲဥပဒေတွေကို မလေးစားတာပဲ။ တောင်သူတွေကိုလည်း မလေးစားဘူး။ ပြည်သူပဲနစ်နာတယ်။” ဟု ကိုတူရယ်က ပြောပါသည်။

လက်ရှိတွင် ၎င်းမြေများကို စစ်တပ်မှပြန်လည်စွန့်လွတ်ပေးရန် အတွက် လူ့အခွင့်အရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံစသည်တို့တွင် တိုင်ကြားထားသည်။

၎င်းမြေယာသည် လွိုင်ကော်မြို့နယ် မြေနီကုန်း၊ ထေးပလော်ခူ၊ ကြတ်ခူ၊ ၃ မိုင်လွယ်တမူ၊ ဒေါမူကလားကျေးရွာရှိ ဒေသခံတောင်သူများ၏ ၃၁၆.၂၈ ဧကခန့်ပါရှိသည်ဟု သိရသည်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...