တောင်ပေါ်ဒေသတိုင်းရင်းသားစာပေ သင်ကြားနေပြီဖြစ်သော်လည်း လိုအပ်ချက်များရှိနေသေး

တောင်ပေါ်ဒေသတိုင်းရင်းသားစာပေ သင်ကြားနေပြီဖြစ်သော်လည်း လိုအပ်ချက်များရှိနေသေး
by -
မီမြာ၊ဦးမြာ

ကယားပြည်နယ်တွင်းရှိ ဖရူဆိုမြို့နယ် အနောက်ဘက် တောင်ပေါ်ဒေသများတွင် တိုင်းရင်းသားစာပေများသင်ကြားနေပြီဖြစ်သော်လည်း သင်ကြားရေးတွင်အခက်အခဲများရှိနေသေးကြောင်း ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စု ခူမိုထီကျေးရွာတွင်နေထိုင်သူ ခူးပေါလူက ပြောပါသည်။

တိုင်းရင်းဘာသာ သင်ကြားပေးသောဆရာမသည်တခြားကျေးရွာမှ နေ၍လာရောက်သင်ကြားပေးရသည့်အတွက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု ဆိုပါသည်။

“ မိုးရာသီဆို သွားလာရတာအဆင်မပြေဘူး။ မိုးတအားရွာလို့ရှိရင် သူတို့မသွားနိုင်တော့ဘူး အဲ့လိုဖြစ်တယ် ဖြစ်နိုင်ရင်ဒီ ရွာသားအချင်းချင်းဆို အဆင်ပြေမယ်။ သူတို့သွားလာစရာမလိုဘူး ကလေးကို အချိန်မရွေးစာသင်လို့ရတယ်။ ” ဟု ဦးပေါလူကပြောပါသည်။

ဝေးလံသည့် ကျေးလက်ဒေသများတွင် သက်ဆိုင်ရာ တိုင်းရင်းသားစာပေများကို စတင်သင်ကြားနေပြီဖြစ် သော်လည်း စာအုပ်စာပေများ ၊ ဖတ်စာအုပ်များ လိုအပ်နေသည်ဟု သိရသည်။

မိုနူမနော တိုင်းရင်းသားစာများစသင်နေပြီဖြစ်သည့် ပုလဲရွာမှ ဦးရယ်က “စာပေမှာခါကြတော့ကျတော်တို့က မနူမနောစာတွေသင်ရတယ်။ သင်တာကတော့အခုမှ တစ်နှစ်၊ နှစ်နှစ်အတွင်ဘဲပေါ့။ လိုအပ်ချက်တော့ ရှိသေးတာပေါ့။ ” ဟု ပုလဲလယ်ရွာကဦးမီရယ်ကပြောပါတယ်။

ဖရူဆိုမြို့နယ်၏ အနောက်ဘက်ခြမ်းသည် အများစုမှာ ကယော၊ မနုမနော၊ ပရဲ့ စသည့်တို့ အများစု နေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရေဒေသဖြစ်နေသည်။

ကယားပြည်နယ်တွင်တိုင်းရင်းသား မျိုးနွယ်စု ပေါင်းစုံနေထိုင်ပြီး နေရာဒေသအလိုက် တိုင်းရင်းသား စာပေများကို ကျောင်းပြင်ပချိန်တွင် စသင်သင်ကြားနေကြပြီ ဖြစ်သော်လည်း ဆရာ/မ မလုံလောက်ခြင်း၊ ထောက်ပံ့ငွေ မလုံလောက်ခြင်း၊ သင်ထောက်ကူပစ္စည်းမလုံလောက်ခြင်း၊ သင်ကြားသည့်အပိုင်းတွင် ကျောင်းပြင်ပ ချိန်ဖြစ်နေခြင်း၊ စသည့်အခက်အခဲများရှိနေသေးသည်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...