ပြည်နယ်အစိုးရမှ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နှင်းမှု အားရကျေနပ်မှုမရှိ

ပြည်နယ်အစိုးရမှ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နှင်းမှု အားရကျေနပ်မှုမရှိ
by -
ကရင်နီသူ၊ နော်ဒွေးအယ်ခူ

ကယားပြည်နယ်အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နှင်းရေးနှင့်ပတ်သက်ပြီး အားရကျေနပ်မှု မရှိကြောင်းသေးကြောင်း မဲဆန္ဒနယ်အမှတ်(၁) ဒီးမော့ဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ပြောပါသည်။

“သိပ်တော့ အားမရဘူး။ ဘာလို့လဲဆို ထိရောက်မှု မရှိဘူး။ ငွေများ တရားနိုင်ဆိုတဲ့ဟာလဲ ရှိနေသေးတယ်ဆိုတော့လေး” ဟု ဦးသိန်းအောင်က ပြောပါသည်။

လက်ရှိတွင်ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်များ၊ မူးယစ်ဆေးဝါးကြောင့် ပစ်ဒဏ်ခံနေရသည့်သူများ၏ စာရင်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်များကို လွှတ်တော်တွင် တင်ပြခဲ့ဖူးသည်ဟု ဆိုသော်လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ မြို့နယ်အလိုက် တာဝန်ရှိသူများကိုကြီးကြပ်စေခိုင်းထားသည်ဟုသာ ဖြေကြားခဲ့သည်ဟု ဆိုပါသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီစာချုပ်တွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီထားကြသော်လည်း လက်တွေ့တွင် ယခုအချိန်အထိ ပူးပေါင်းဆောင်ရွက်ရန် အခက်အခဲများရှိနေသည်ဟု သိရသည်။

ကေအဲန်ပီပီအထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က ကယားအမျိုးသား စုပေါင်းအဲဒိုပေါ်မီပွဲတော်အတွင်း မိန့်ခွန်းပြောကြားရာတွင် မိမိတို့ ကေအဲန်ပီပီအနေဖြင့် အစိုးရကို သတင်းပေးသော်လည်း အစိုးရမဖမ်းသည့်သူများကို ဝင်ရောက်ဖမ်းဆီးခဲ့ရသည့်အကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

̏ သတင်းပဲပေးပါ ဖမ်းစရာရှိတာ၊ ဆီးစရာရှိတာဖမ်းပါမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့သတင်းပေးပါတယ် မဖမ်းပါဘူး။ မဖမ်းတော့ ကျွန်တော်တို့လည်း ဝင်ဖမ်းပါတယ်။ ˝ဟု ၎င်းကပြောသည်။

မူးယစ်ဆေးဝါးပြဿနာသည် ရှမ်း/ကယားနယ်စပ်တွင် ဖြစ်ပွားမှုများသည့်အတွက် ကယားပြည်နယ်အစိုးရတို့မှ လက်လှမ်းမမီမှုများ ရှိနေကြောင်း သိရသည်။ ၎င်းဒေသတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေကြသည့်အတွက် ကေအဲန်ပီပီမှသွားရောက် ထိန်းကြောင်းရန် အစိုးရမှ ပြောကြားလာသည့်အတွက် ကေအဲန်ပီပီဘက်မှ ရဲဘော်များက သွားရောက်ထိန်းကြောင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ထိုသို့သွားရောက်ထိန်းကြောင်းရာ စစ်တပ်မှ၎င်းတို့ကို ပြန်ဆုတ်ရန် ပြောကြားခဲ့ဖူးကြောင်း ကေအဲန်ပီပီအထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့်ပတ်သက်လျှင် ပြည်သူတိုင်းတာဝန်ရှိကြောင်းနှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက အဲဒိုပေါ်မီပွဲတော် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

“ကျွန်တော်တို့သားသမီးတွေ ဘာမှမဖြစ်သေးဘူး ဆိုပေမယ့်ကျွန်တော်တို့ နောက်လာမယ့် Next Generation အတွက် ကျွန်တော်တို့ရည်မှန်းပြီးမှ အားလုံးတစ်သီးချင်း၊ တစ်ယောက်ချင်း အကုန်လုံးပူးပေါင်းပြီးမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ထမ်းဆောင်ပေးပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။ ˝ဟု ဦးလှထွေးက ပြောဆိုခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ပြောကြားခဲ့သော မိန့်ခွန်းများထဲမှ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် အုပ်ချုပ်ရေးဌာန အဆင့်ဆင့် အနေဖြင့် “မူးယစ်ဆေးဝါးကိစ္စ၊ ခြွင်းချက်လုံးဝ မထားရ” ဆိုသည့် မူဝါဒကို အလေးထား လိုက်နာဆောင်ရွက်ပေးကြပါဟု တိုက်တွန်းပြောဆိုထားပါသည်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...