မွန်သြင်္ကန် ဘတ်ဂျက် တိုးမြှင့် သုံးစွဲမည်

မွန်သြင်္ကန် ဘတ်ဂျက် တိုးမြှင့် သုံးစွဲမည်

သြင်္ကန်ပွဲ ပိုမိုစည်ကားစေရန် ယခင်နှစ်ကထက် ဘတ်ဂျက်ပိုမို သုံးစွဲသွားမည်ဟု မွန်ပြည်နယ် အစိုးရရုံးက ပြောသည်။

ယခင်နှစ်က ကျပ်သိန်း ၁၁၀၀ အသုံးပြုခဲ့သော်လည်း ယခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သိန်း ၂၀၀၀ နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးရန်ပုံငွေမှ ကျပ်သိန်း ၄၀၀ သုံးစွဲရန် လျာထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

“ဒီနှစ်သြင်္ကန်ကတော့ အရင်နှစ်တွေထက် ပိုမိုစည်စည်ကားကားဖြစ်ချင်လို့ အသုံးစရိတ်ပိုသုံးထားပါတယ်၊ ကျပ် သိန်း ၂၄၀၀ သုံးဖို့ လျာထားပါတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြော သည်။

သုံးစွဲရန်လျာထားသည့်ငွေများအနက်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်အတွက် ခရိုင်တစ်ခုလျှင် ကျပ်သိန်း ၂၀၀၊ မြို့ နယ် ၁၀ မြို့ နယ်အတွင်း တစ်မြို့ နယ်လျှင် ငွေကျပ်သိန်း ၁၂၀ စီ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကျန်ငွေများကို ဗဟိုမဏ္ဍပ်အတွက် အသုံးပြုသွားမည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ငွေများဖြင့် ဗဟိုမဏ္ဍပ်တည်ဆောက်ခြင်း၊ ပိတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း၊ ယိမ်းအက ဖျော်ဖြေ ရေးအတွက် စီစဉ်ခြင်း၊ ဆုချီမြှင့်ခြင်း၊ ရေကစားရန်အတွက် ရေရရှိရေးဆောင်ရွက်ခြင်း၊ သက်ကြီးပူဇော်ပွဲ အတွက်ဆောင်ရွက်ခြင်းတို့တွင် အသုံးပြုသွားမည် ဖြစ်သည်။

သြင်္ကန်မဏ္ဍပ်များကို သက်ဆိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း မဏ္ဍပ် အတွက် ငွေကြေးတစ်စုံတစ်ရာ မပေးဆောင်ရသော်လည်း စည်းကမ်းချက်များ လိုက်နာရမည် ဖြစ်ကြောင်း စည်းကမ်းချက်မလိုက်နာပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ပြည်နယ်အစိုးရက ပြောသည်။

ထို့အပြင် သြင်္ကန်ကာလအတွင်း အေးချမ်းစွာ ရေကစားနိုင်ရန်အတွက် လုံခြုံရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) မြင့်ဝင်း က ပြောသည်။

“သြင်္ကန်ကာလအတွင်းမှာ ပျောက်ကျားဝတ်ပြီး ဓားတွေ တုတ်တွေ လှံတွေဆွဲကိုင်ပြီး ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ ပြီး မူးယစ်ရမ်းကားတဲ့အဖွဲ့တွေလည်းရှိတယ်။ ရိုးရာသြင်္ကန်ကာလမှာ အေးအေးချမ်းချမ်းနဲ့ ဘုရားသွား ကျောင်း တက်တဲ့လူတွေ ရိုးရိုးသားရေကစားတဲ့လူတွေကို အနှောင့်အယှက်ပေးတဲ့အတွက် လုံခြုံရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားဖို့ရှိတယ်။”

မွန်ပြည်နယ်၏ သြင်္ကန်ပွဲတော်သည် စည်ကားလှသည့် ပွဲတော်တစ်ခုဖြစ်ကာ အထူးသဖြင့် သံဖြူဇရပ်မြို့နယ် အတွင်းရှိ စက်စဲကမ်းခြေသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားသူများကြောင့် အစည်ကားဆုံး နေရာတစ်ခုဖြစ်သည်။

သြင်္ကန်အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင် မော်လမြိုင်၊ ကျိုက်မရောနှင့် ရိုးဂိုကျေး ရွာတို့တွင် အစည်ကားဆုံးနေရာများ ဖြစ်ကြသည်။

Most read this week

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...