တိုင်းရင်းဘာသာ ၁၅ မိနစ်အစီအစဉ် DVB ရုပ်သံလွှင့်တော့မည်

တိုင်းရင်းဘာသာ ၁၅ မိနစ်အစီအစဉ် DVB ရုပ်သံလွှင့်တော့မည်
ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရုပ်သံလွှင့်အစီအစဉ်များတွင် တိုင်းရင်းသားဘာသာစကားဖြင့် ၁၅ မိနစ်အစီအစဉ်များ မေလ ၁၁ ရက်နေ့မှ စတင်၍ နေ့စဉ်ထုတ်လွှင့်မည်ဟု သိရသည်။

အဆိုပါရုပ်သံအစီအစဉ်များကို တိုင်းရင်းသားသတင်းဌာနများ၏ တပ်ပေါင်းစုဖြစ်သော နိုင်ငံတကာမြန်မာ့သတင်း (Burma News International-BNI) က ဦးစီးထုတ်လုပ်သွားမည် ဖြစ်သည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ (IMNA) ၏ မန်းနေဂျင်းအယ်ဒီတာက “ကျနော်တို့ လက်ခံရရှိထားတဲ့ အချိန်ဇယားအတိုင်းဆိုရင် မွန်ဘာသာအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှန်လွှင့်သွားမှာပါ၊ တိုင်းရင်းသားဘာစကားပြော မြန်မာစာတမ်းထိုးတွေပေါ့” ဟု ဆိုသည်။

ထို့အတူ သျှမ်းဘာသာကို အင်္ဂါနေ့၊ ကချင်ဘာသာကို ဗုဒ္ဓဟူးနေ့၊ ကရင်ဘာသာကို ကြာသပတေးနေ့၊ ကရင်နီဘာသာကို သောကြာနေ့၊ ချင်းဘာသာကို စနေနေ့၊ ရခိုင်ဘာသာကို တနင်္ဂနွေနေ့နှင့် မြန်မာဘာသာကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် ရုပ်သံအစီအစဉ်များ ထုတ်လွှင့်မည်ဟု BNI က ပေးပို့ထားသော အသံလွှင့်အချိန်ဇယားတွင် ဖေါ်ပြထားသည်။

“တိုင်းရင်းသားသတင်းဌာနတွေအနေနဲ့ TV ရုပ်သံအစီအစဉ်တွေ တိုးချဲ့ထုတ်လွှင့်နိုင်ဖို့ အတွေ့အကြုံတွေ အများကြီး လိုအပ်နေသေးတယ်၊ ဒါကြောင့် မီဒီယာအရည်အသွေးမြှင့်မားဖို့နဲ့ အစီအစဉ်ကောင်းတွေ ထုတ်လွှင့်သွားဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ပဲ ပြောလိုပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ မန်းနေဂျင်းအယ်ဒီတာက ဆက်ပြောသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် လွတ်လပ်သောအာရှအသံ RFA တွင်လည်း အပတ်စဉ် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ထုတ်လွှင့်ရှိသည်။

BNI ၏ ဦးဆောင်မှုဖြင့် TV ထုတ်လုပ်သူနှင့် အယ်ဒီတာသင်တန်းများကိုလည်း လာမည့်ဇွန်လဆန်းပိုင်း၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သင်တန်းများ ပို့ချသွားမည်ဟု သိရသည်။

၂၀ဝ၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော BNI တွင် ယခုအခါ လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA, ချင်းဝေါလ် Chin World သတင်းဌာန၊ ကချင် သတင်းဌာန KNG, ကုလားတန် သတင်းဌာန Kaladan Press, ကန္တာရဝတီတိုင်း(မ်) Kantarawaddy Times, ရွှေဟင်္သာ သတင်းဌာန Phophtaw News Association၊ ကေအိုင်စီ Karen Information Center, ခိုနူမ်းထုန် သတင်းဌာန Khonumthung News၊ နိရဥ္စရာ သတင်းဌာန Narinjara News၊ သတင်းနှင့်မီဒီယာကွန်ယက် Network Media Group၊ သျှမ်းသံတော်ဆင့် သတင်းဌာန Shan Herald Agency for News၊ သံလွင်တိုင်းမ် Than Lwin Times နှင့် မဇ္ဈိမ သတင်းဌာန Mizzima News တို့ပါဝင်လျှက်ရှိသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...