သံလွင်တံတားထိပ်တွင် တပ်ဆင်မည့် ဟင်္သာရုပ်တုအသစ်တည်ဆောက်မှု ရ၀ရာခိုင်နှုန်းပြီး

သံလွင်တံတားထိပ်တွင် တပ်ဆင်မည့် ဟင်္သာရုပ်တုအသစ်တည်ဆောက်မှု ရ၀ရာခိုင်နှုန်းပြီး
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် မော်လမြိုင်မြို့အဝင် သံလွင်တံတားထိပ်မှ ဆွမ်းအုပ်အဝိုင်းကို အစား ပြောင်းလဲတပ်ဆင်မည့် ဟင်္သာရုပ်တုအသစ် တည်ဆောက်မှုသည် ရ၀ရာခိုင်နှုန်းပြီးစီးနေပြီး သြဂုတ် ၁၅ ရက်တွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်းဟင်္သာရုပ်တုအသစ် တည်ဆောက်နေသည့် မွန်လူမျိုးအင်ဂျင်နီယာ ဦးစိုးသိန်းက ပြောကြားသည်။

ယခုအချိန်တွင် ဟင်္သာရုပ်အပြီးသတ်ရန် အချောကိုင်ခြင်းနှင့် ဆေးရောင်သုတ်ခြင်းများသာကျန်ရှိတော့သဖြင့် ရ၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဟင်္သာရုပ်ပြီးရင် ဝန်ကြီးချုပ်ကိုတင်ပြမယ်၊ ဝန်ကြီးချုပ်ကခွင့်ပြုတယ်ဆိုရင် တင်မယ်”ဟု၎င်းကပြောသည်။

ဟင်္သာရုပ်တုအသစ်ကိုဇူလိုင်လ ရ ရက်နေ့ကစတင် တည်ဆောက်ခဲ့ပြီး ယခုဟင်္သာရုပ်တုသစ်သည်ခြေစုံရပ်မဟုတ်ဘဲ ခြေတစ်လှမ်းလှမ်းနေသည့် ပုံစံဖြစ်ကာ အလျား၊ အနံ၊ အမြင့် ၁၁ ပေ၊ အနံ ၁၁ ပေစီဖြင့် တည်ဆောက်ခဲ့ထားကြောင်း ၎င်းက ဆိုသည်။

ဟင်္သာရုပ်အသစ် တည်ဆောက်မှုအတွက် ကုန်ကျစရိတ်သိန်း ၄၀ ခန့်ရှိခဲ့ပြီးထိုကုန်ကျငွေများကိုမွန်လူထု၏ လှူဒါန်းငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။

Most read this week