ကျောက်ဖြူရောက် တရုတ်သံအမတ်ကို ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးမြေယာ ပြဿနာကို ဖြေရှင်းပေးရန် ဒေသခံများ တောင်းဆို

ကျောက်ဖြူရောက် တရုတ်သံအမတ်ကို ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးမြေယာ ပြဿနာကို ဖြေရှင်းပေးရန် ဒေသခံများ တောင်းဆို
by -
နိရဥ္စရာ
ကျောက်ဖြူမြို့သို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကြောင့် ရွွှံဖုံးပြီး ပျက်စီးသွားသော လယ်ယာ မြေပြသနာကို ဖြေရှင်းပေးရန် ဒေသခံ လယ်ပိုင်ရှင်များမှ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာ၊ စာသင်ကျောင်းတွင် ဇွန်လ(၅)ရက် မွန်းလွဲ(၁၂) နာရီ ခန့်က တရုတ်နိုင်ငံ သံတမန်အဖွဲ့နှင့် မလကျွန်း ကျေးရွာ ရန်ပုံငွေ ထိန်းသိမ်းရေး ကော်မတီ တွေ့ဆုံပွဲ အခမ်းအနားတွင် ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးမြေယာပြသနာကို ဖြေရှင်းပေးရန်  မြန်မာ နိုင်ငံဆို်င်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအား တောင်းဆိုခဲ့သည်ဟု  လယ်ပို်င်ရှင် တစ်ဦးဖြစ်သူ ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

“ တရုတ်သံအမတ်ကြီးကတော့ ဘယ်အချိန် ဖြေရှင်းပေးမယ်ဆိုတာကိုတော့ တိတိကျကျ ပြော မသွားပါဘူး။ တတ်နိုင်သလောက်ဖြေရှင်းပေးမယ်ဆိုတာကိုပဲ ပြောသွားပါတယ်။ ခရိုင် အုပ်ချုပ်ရေးမှူး ဆီက တစ်ဆင့် စာတင်ပြီးတောင်းဆိုပါလို့ တရုတ်သံအမတ်ကြီးက ပြန်လည် ဖြေကြားခဲ့ပါတယ်” ဟု ဒေါ်ကြည်ကြည်နှင်း က ပြောသည်။

China CNPC

ဂတ်စ်ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးတဲ့မြေယာပြသနာကို ဖြေရှင်းပေးရန်နှင့် မေလ (၁၇) ရက်နေ့က မလကျွန်းကျေးရွာတွင်ပြုလုပ်ခဲ့သော ရွှေဂတ်စ်စီမံကိန်းကြောင့် ရွှံ့ဖုံး လယ်ယာမြေ ကိစ္စဆွေးနွေးပွဲမှ တောင်းဆိုချက်များကိုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးထံသို့ ပေးလိုက်ကြောင်း သူမက ဆိုသည်။

“ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး မြန်မာနှင့် တရုတ်နိုင်ငံသည် သံတမန် ချစ်ကြည်ရေး နဂိုကတည်းကရှိပြီးသားဖြစ်တယ်။ ယခုအစိုးရလက်ထက်မှာလည်း ဆက်ဆံရေး ကောင်းအောင်ဆောင်ရွက်နေကြောင်း  ဒေသခံများနှင့်အဆင်မပြေပါက လုပ်လို့ မရနို်င်ကြောင်း တရုတ်နိုင်ငံအနေဖြင့် ဒေသခံလယ်သမားများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် နေပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တွေ့ဆုံပွဲတွင် ပြောဆိုကြောင်း ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

“ ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်းစတင် အကောင်အထည်ဖော်တာ ငါးနှစ်ခန့်ရှိနေပြီ။ ငါးနှစ်တာကာလ အတွင်းမှာ စီမံကိန်းကြောင့်ဖြစ်ပွားနေတဲ့ မြေယာပြသနာကိုတောင် ခုထက်ထိ မဖြေရှင်း နိုင်သေးဘဲ  အထူးစီးပွားရေးဇုန်က လူထုအတွက်အကျိုးရှိလာမယ်ဆိုတာ မယုံကြည်မရှိပါ“ဟု တရုတ်သံအမတ်ကြီးကို ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေါ်ကြည်ကြည်နှင်း ကပြောသည်။

မလကျွန်းဒေသခံတစ်ဦးဖြစ်သူ ဦးမောင်ဝေခင် ကလည်း “ သူတို့ဘယ်ကိစ္စနဲ့ပဲ လာလာ တရုတ် သံအမတ်ကြီးရောက်လာတယ်ဆိုတော့ တရုတ်လုပ်တဲ့စီမံကိန်းကြောင့် ပျက်စီးမှု၊  ထိခိုက် နစ်နာမှု တွေကို ကျနော်တို့က တင်ပြဖို့ သူတို့သိရှိသွားတင်ပြဖို့ တာဝန်ရှိပါတယ်” ဦးမောင်ဝေခင် က ပြောသည်။

တရုတ်နိုင်ငံသံတမန်အဖွဲ့သည် CITIC GROUP မှ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာတစ်ရွာလျှင် ကျပ်ငွေသိန်း(၃၀၀)စီ ကျေးရွာပေါင်း(၅၀) ကျေးလက် ရန်ပုံ ငွေထူထောင်ရန် ထောက်ပံ့ ထားသောကြောင့် ၎င်းကျေးရွာ ရန်ပုံငွေ ထိန်းသိမ်းရေး ကော်မတီနှင့် လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသံတမန်အဖွဲ့နှင့် CITIC GROUP မှတာရှိသူများ၊ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်နိုင်ဦး တို့လိုက်ပါလာကြောင်း သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...