မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်း ထက်ဝက်နီးပါး ပြုစုပြီးစီး

မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်း ထက်ဝက်နီးပါး ပြုစုပြီးစီး
လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်း ပြုစုလျက်ရှိရာ ထက်ဝက်နီးပါး ပြုစုပြီးစီးပြီ ဖြစ်ကြောင်း ပြည် နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်က ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် အသက် ၁၈ နှင့်အထက် ရ သိန်း ရ သောင်းကျော်နှင့် သထုံခရိုင်တွင် ၄ သိန်း ရ သောင်းကျော် ရှိပြီး စုစုပေါင်း ၁ ဒသမ ၂၄ သန်းကျော် ရှိသည့်အနက် မဲပေးနိုင်သူ ၅ သိန်းကျော်ကို ပြုစုပြီးစီးပြီဟု ဆိုသည်။

သူက “မဲစာရင်း ပြုစုတဲ့နေရာမှာ အခက်အခဲ တစ်ခုရှိတာက မှတ်ပုံတင် မရှိတာဘဲ” ဟု ပြောသည်။

နိုင်ငံသား စိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်း မရှိသော်လည်း ရပ်ကွက်၊ ကျေးရွာတွင် နေထိုင်ပြီး၊ အသက် ၁၈ နှစ် ပြည့်ခြင်း၊ ရွေးကောက်ခြင်းဆိုင်ရာ ဥပဒေနှင့် ညီညွတ်ခြင်း ရှိပါက ရပ်ကျေး ကော်မတီ ထောက်ခံချက်ဖြင့် မဲစာရင်းတွင် ထည့်သွင်းမည်ဟုလည်း သူက ပြောသည်။

မဲစာရင်း ပြုစုရာတွင် အမျိုးအစား ၄ မျိုး ခွဲထားပြီး၊ ပထမအမျိုးအစားတွင် မြို့နယ်အတွင်း နေထိုင်ပြီး အိမ်ထောင်စုစာရင်း ရှိခြင်း၊ သတ်မှတ်ဥပဒေနှင့် ညီညွတ်ပြီး အသက် ၁၈ နှစ် ပြည့်ခြင်း၊ မဲစာရင်းထည့်ခြင်း၊ ဒုတိယ မိမိနေထိုင်ရာမြို့နယ်တွင် တာဝန်မကျဘဲ အခြားမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ ဖြစ်ခြင်း၊ တတိယ နိုင်ငံသား စိစစ်ရေးကဒ် ရှိသော်လည်း သန်းခေါင်စာရင်း မရှိခြင်း၊ ဥပဒေနှင့် ညီပြီး အသက် ၁၈ နှစ် ပြည့်ခြင်း၊ မဲစာရင်း ထည့်ခြင်းနှင့် စတုတ္ထ နိုင်ငံသား စိစစ်ရေးကဒ်နှင့် အိမ်ထောင်စုစာရင်း မရှိသော်လည်း အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေနှင့် ညီညွတ်ခြင်းတို့ ပါဝင်သည်။

ပြည်နယ် ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် က “ဒုတိယ အမျိုးအစားကိုတော့ ရွေးကောက်ပွဲ ကြေညာ ပြီးမှ ထည့်သွင်းပြုစုသွားမယ်” ဟု ပြောသည်။

မဲစာရင်း ပြုစုရာတွင် မြို့နယ်များရှိ လဝကပုံစံ ၆၆/၆ နှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး လူဦးရေစာရင်းကို အခြေခံကာ ပြုစုခြင်း ဖြစ်သည် ဟု သူက ပြောသည်။

မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်အနက် သံဖြူဇရပ်မြို့နယ် တစ်ခုတည်းတွင် မဲပေးနိုင်သူ တစ်သိန်းကျော် ရှိပြီး ၈ သောင်းကျော်ကို စာရင်းပြုစုထားပြီ ဖြစ်သည့်အတွက် အစောဆုံး အပြီးသတ်နိုင်မည်ဟု ဦးခင်မောင်လွင် က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို ပထမအဆင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာအထိလည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ဒီဇင်ဘာမှ ၂၀၁၅ ဖေဖော်ဝါရီလအထိလည်းကောင်း၊ တတိယအဆင့် ဇန်နဝါရီမှ မတ်လအထိလည်းကောင်း၊ စတုတ္ထအဆင့် ဖေဖော်ဝါရီလမှ ဧပြီလထိလည်းကောင်း ပြုစုရန် လျာထားခဲ့ပြီး၊ မွန်ပြည်နယ်သည် နောက်ဆုံးအဆင့် ဖြစ်ကာ မတ်လ ၁၁ ရက်နေ့ စပြီး စတင်ပြုစုခဲ့ခြင်း ဖြစ်သည်။

အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရန်အတွက် သင်တန်းနှင့် စာရင်းပြုစုရန် ကွန်ပြူတာများကို IFES (International Foundation of Electrical System) က ပံ့ပိုးကူညီထားသည်ဟု သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...