တနင်္သာရီတိုင်းဒေသကြီး မွန်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် AMDP ကြိုးပမ်းမည်

တနင်္သာရီတိုင်းဒေသကြီး မွန်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် AMDP ကြိုးပမ်းမည်
AMDP ခေါင်းဆောင်များ (IMNA)
AMDP ခေါင်းဆောင်များ (IMNA)
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)သည် တနင်္သာရီတိုင်းဒေသကြီးအတွက် မွန်တိုင်းရင်းသား ရေးရာဝန်ကြီး တစ်နေရာ ရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧပြီလ ၅ ရက်နေ့တွင် စပ္ပါယ်ရုံလမ်း၊ ဖက်ခင်းရပ်၊ မော်လမြိုင်မြို့ရှိ ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပသည့် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

လာမည့် ဧပြီလတတိယပတ်တွင် AMDP ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေတို့ တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

AMDP ဗဟိုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးက “တနင်္သာရီဒေသမှာ မွန်လူမျိုးအရေအတွက် ထိုက်သင့်သလောက်ရှိနေတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားရေးရာ တစ်နေရာရှိဖို့အတွက် ဝင်ပြိုင်မယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အဖွဲ့ဝင်တွေ ဝိုင်းဝန်းကူညီပေးဖို့အတွက် အခုလို ပါတီအဖွဲ့ဝင် စည်းရုံးရေး ဆင်းတဲ့သဘောပါ” ဟု ဆိုသည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာ အရွေးချယ်ခံမည့်သူကို တနင်္သာရီတိုင်းဒေသကြီးရှိ AMDP အဖွဲ့ဝင်များ ရွေးချယ်၍ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသား ၆ သောင်းကျော်ရှိသည့် အနက် ၃ သောင်းကျော်မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား မရှိသူများဖြစ်ကြောင်း မွန်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းမှ မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး (၁၀) မြို့နယ်တွင် မွန်လူမျိုးအများဆုံးနေထိုင်သည်မှာ ရေဖြူမြို့နယ်တွင် အများစု နေထိုင်ကြပြီး ပုလော၊ ပုလောက်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်းတို့တွင်လည်း နေထိုင် ကြကြောင်း သိရသည်။

မွန်လူဦးရေစာရင်း ကောက်ယူရခြင်းမှာလည်း လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားဝန်ကြီး တစ်နေရာ ရွေးကောက်တင်မြှောက်နိုင်ရန် မွန်လူဦးရေစာရင်း အမှန်ရရှိဖို့အတွက် ကောက်ယူရခြင်း ဖြစ်ကြောင်း နိုင်စံတင်က လွှတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

ယင်းအစည်းအဝေးတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ AMDP ကိုယ်စားလှယ်လောင်းများ စာရင်းကို ပါတီဗဟိုဌာနချုပ်တို့ လမည့် မေလ ၁ ရက်နေ့မှ စတင်ပေးသွင်းရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...