စစ်တွေမြို့နယ်တွင် မဲရလာဒ်စာရင်း ထုတ်ပြန်

စစ်တွေမြို့နယ်တွင် မဲရလာဒ်စာရင်း ထုတ်ပြန်
စံမောင်သန်း —-၂၀၁၅ ခုနှစ် နိုဝင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲရလာဒ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မဲဆန္ဒနယ်များအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် တရားဝင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲ ရလာဒ်အရ ပြည်သူလွှတ်တော်တွင် ဦးမောင်သိန်းခိုင် (ANP)၊ အမျိုးသားလွှတ်တော်တွင် ဦးဝေစိန်အောင် (ANP)၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင် ဦးအေးသိန်း (ANP) နှင့် မဲဆန္ဒနယ် ၂ တွင် ဦးကျော်ဇောဦးတို့ (တစ်သီးပုဂ္ဂလ) က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ပြည်သူ့လွှတ်တော်၏ မဲရလာဒ်မှာ ဦးမောင်သိန်းခိုင် ၄၄၀၂၇ မဲ၊ ဒေါက်တာကျော့သာစိန် ၁၆၈၁၆ မဲ၊ ဦးသင်္ခါကျော် ၂၁၄၀ မဲ၊ ဒေါ်မြသန်းရွှေ ၁၈၇၇ မဲနှင့် ဒေါ်လှအေးတို့က ၈၃၄ မဲ ရရှိခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ဦးဝေစိန်အောင် ၄၅၀၈၇ မဲ၊ ဦးသန်းထွန်း ၁၄၁၉၈ မဲ၊ ဦးသာစံ ၂၀၂၅ မဲ၊ ဦးဦးဘကျော် ၂၀၀၆ မဲနှင့် ဦးဦးအောင်ကျော်တို့က ၁၄၈၆ မဲရရှိခဲ့သည်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁ တွင် ဦးအေးသိန်း ၂၁၈၀၉ မဲ၊ ဒေါက်တာသိန်းခိုင် ရ၆၄၂ မဲ၊ ဦးသာလူချေ ၁၀၄၉ မဲ၊ ဦးမောင်သာခိုင် ၁၀၀၇ မဲ၊ ဒေါက်တာကျော်ခိုင် ၉၆၄ မဲနှင့် ဦးအောင်သန်းတို့က ရ၆၃ မဲ ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ တွင် ဦးကျော်ဇောဦး ၁၃၄၃၈ မဲ၊ ဦးကျော်ရွှေ ၉၁၉၅ မဲ၊ ဦးအောင်မြကျော် ၅၂၃၅ မဲ၊ ဦးဇော်ဝင်းမောင် ၁၈၉၄ မဲ၊ ဦးမောင်ထွန်းလှိုင် ၁၀၈၃ မဲ၊ ဦးကျော်ငြိမ်း ၁၀၃၀ မဲ၊ ဦးသာစိန် (ခ) ဦးမောင်သာစိန် ၈၆၉ မဲနှင့် ဦးအောင်သန်းထွန်းတို့က ၄၆၅ မဲ ရရှိခဲ့သည်။

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...