နောက်ဆုံးအကြိမ်မဲစာရင်းထုတ်ပြန်ခြင်းကို နိုဝင်ဘာ၂ရက်တွင် စတင်ကြေငြာခဲ့ပြီး လက်ရှိချိန်ထိ အမှားပြင်ဆင်ချက် အနေဖြင့် လာရောက်ပြင်ဆင်ကြခြင်း မရှိသေးကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ရက်မှီသေးတယ် ဥပဒေအရအကျံုးဝင်တယ်ဆိုပြီး တိုးလာတာတွေပါ တစ်ချို့ကျတော့လဲ အခြေနေ အရပ်ရပ်ကြောင့် လျော့သွားတာလဲရှိတယ်။ နောက်ဆုံး ထုတ်ပြန်ချက်ကတော့ ဒီစာရင်းပါပဲ ပြင်ဆင်ချင်တာမျိုး ခုထက်ထိတော့ မလာကြသေးဘူး”ဟု ဦးထိန်လင်းဦးက ပြောသည်။
မဲစာရင်းထုတ်ပြန်ရာ၌ ပထမအကြိမ် ဒုတိယကြိမ်နှင့် တတိယအကြိမ်ဟူ၍ ထုတ်ပြန်ခဲ့ခြင်းတွင် ယခုနောက်ဆုံး အကြိမ်မှာ အမှားအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး မဲစာရင်းတွင် နာမည်မပါဝင်သော်လည်း ၁၈နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင်ကိုင်ဆောင်၍ လာရောက်မဲပေးနိုင်သည်ဆိုသော ကောလဟလများမှာ မဟုတ်မှန်ကြောင်းသတင်းရရှိသည်။
“မဲစာရင်းကိုမှန်မမှန်အတွက် တချို့ပါတီတွေ လိုက်လံဆောင်ရွက်နေကျရတာ အချိန်ကုန်ငွေကုန်ဖြစ်တယ်။ ထားဝယ်ဘက်က မဲပေးချင်သူတွေကို အသက်ပြည့်ပြီးသူတိုင်းပေးလို့ရတယ်ဆိုရင် ပိုကောင်းမယ်။ အကုန်မဲပေးလို့ရတယ်ဆိုပြီး ကြားတယ်။ ဒါပေမဲ့ ပါတီတွေကို ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး”ဟု ထားဝယ်အမျိုးသားများပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးမင်းကပြောသည်။
နောက်ဆုံးထုတ်ပြန်ချက်အရ ထားဝယ်မြို့နယ်အတွင်း မဲပေးနိုင်မည့်လူဦးရေမှာ ၉၈၄၇၀၃ဦးရှိပြီး မြို့နယ်၁၀မြို့နယ် ရပ်/ကျေး၃၄၀တွင် မဲရုံပေါင်း ၁၁၇၀ ပါရှိကြောင်း သတင်းရရှိပါသည်။





