မေး။ ။ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ အဓိကဝင်ရောက် ယှဉ်ပြိုင်ဖြစ်ပုံကို ပြောပြပေးပါ။
ဖြေ။ ။ မွန်တိုင်းရင်းသားအနေနဲ့က ကော့သောင်းမြို့နယ် မှာ တိုင်းဒေသကြီးလွှတ်တော်နဲ့ အမျိုးသား လွှတ်တော်အတွက် နှစ်ယောက်ပဲဝင်ရောက်ယှဉ်ပြိုင်တာပါ။
မေး။ ။ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲ ဘာတွေရှိပြီး မွန်တိုင်းရင်းသားအနေနဲ့ မဲဆွယ်ရာမှာ ဘယ်လိုအခြေနေရှိလည်း ဆိုတာပြောပြပေးပါ။
ဖြေ။ ။ မဲဆွယ်ရာမှာ ငွေကြေးအခက်ခဲပဲရှိတယ်။ တစ်ခြားဟာတော့ ဘာမှမရှိပါဘူး။ တိုင်းရင်း သားအနေနဲ့က ကျွန်မတို့တိုင်းရင်းသားကတော့ တိုင်းရင်းသားကိုပဲ အားပေးတယ်။ ဒါပေမဲ့ ကျွန်မ တို့ပါတီကို တစ်ခြားတိုင်းရင်းသားတွေလည်း အားပေးတာမျိုး အများကြီးပါ။ တနင်္သာရီတိုင်း ထဲမှာ ဆိုရင် မွန်တိုင်းရင်းသား နေထိုင်မှုက မနှစ်ကစာရင်းကောက်တုန်းကတော့ ခြောက်သောင်းသုံးထောင် နှစ်ရာကျော် ရှိပါတယ်။
မေး။ ။ အန်တီ့အနေနဲ့ မဲဆွယ်စည်းရုံးရာမှာ မဲအောင်နိုင်ခဲ့မယ်ဆိုရင် လမ်းတံတား ဆောက်လုပ်ခြင်း ထက် ပြည်သူတွေအတွက် အရေးပါတဲ့အကြောင်းရာ တွေကိုသာ လုပ်ဆောင်ပေးသွားမယ် ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ အဓိကက လမ်းလေးကောင်းရုံ တံတားလေးကောင်းရုံနဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြည့်ဝလာမှာ မဟုတ်ဘူး။ ပြည်သူလူထုတွေ အလုပ်မရှိဘူး။ ကြံုရာကျပန်းတွေ များနေတယ်။ နယ်စပ်ဒေသ ဖြစ်တဲ့ အတွက် အလုပ်အကိုင်ရှာဖွေရေးကို အဓိကထားပြီး လုပ်ဆောင်သွားမယ်။ ပြီးတော့ ကလေး သူငယ်ပြုစု စောင့်ရှောက်ရေးကို လုပ်ဆောင်သွားမယ်။
မေး။ ။ အဲ့ဒီဒေသမှာ လူကုန်ကူးမှု အနေနဲ့လည်း မကြာခဏ ဖြစ်ပွားတာမျိုးတွေ ရှိနေတဲ့အပေါ် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဒေသခံ အမျိုးသမီးတွေရဲ့ အကျိုးအတွက် ဘာတွေ လုပ်ဆောင်သွားမှာလဲ ပြောပြပေးပါ။
ဖြေ။ ။ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ မြှင့်တင်ရေး အလုပ်အကိုင်ရှာဖွေရေးကို အဓိကထားပြီး လုပ်ဆောင်သွားမယ်။ အမျိုးသမီးတွေရဲ့ တစ်နေ့တာ အိမ်အသုံးစရိတ် ကုန်ကျငွေက တွက်ချက် ထားပြီး ဖြစ်တဲ့အတွက် ကုန်စျေးနှုန်း အားလုံးကိုလျော့ချဖို့ အဓိကလုပ်ဆောင်သွားမှာပါ။
မေး။ ။ ဒါတွေကမဲအောင်နိုင်ခဲ့ရင် လုပ်ဆောင်သွားမဲ့ အကြောင်းတွေ ဖြစ်တဲ့အတွက် အကယ်၍ မဲမအောင်နိုင်ခဲ့ဘူးဆိုရင် ဘယ်လို လုပ်ဆောင်သွားမှာလဲ ပြောပြပေးပါ။
ဖြေ။ ။ ရွေးကောက်ပွဲ မဝင်ခင်အချိန်ထဲကိုက ဆင်းရဲတဲ့သူတွေကို သာရေးနာရေး ကိစ္စတွေမှာဆိုရင် သာရေးတော့မပါဘူး နာရေးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကိုအကုန်ကျ ခံပြီးလိုက်လုပ်ပေးတယ်။
ဒုက္ခဖြစ် နေတဲ့ ကလေးသူငယ်တွေကိုလည်း သင့်တော်တဲ့နေရာတွေ ရောက်အောင် ဘကပညာရေး ကျောင်းတွေရောက်အောင် ပို့ဆောင်ပေးတယ်။ အဲ့ဒီလို ပရဟိတလုပ်ငန်းတွေကို အရင်ထဲကလုပ် ဆောင်ခဲ့တဲ့အတွက် မဲမနိုင်ရင်လည်း ဒီအလုပ်ကတော့ တစ်သက်လုံး လုပ်ဆောင်သွားရမဲ့ အလုပ်တွေပါပဲ။
မဲအောင်နိုင်ခဲ့မယ်ဆိုရင်တော့ ပိုပြီးလုပ်ဆောင်နိုင်တာပေါ့။ အဓိက က ကုန်စျေး နှုန်းကျဖို့အတွက် လိုအပ်တာကို ဇယားကြိုဆွဲထားပြီး ဖြစ်တာကြောင့် ဘယ်လိုလုပ်ရင်် ကောင်းမယ် ဆိုတာကို ကြိုတွေးပြီးပြီ ဖြစ်လို့ မဲမအောင်နိုင်ခဲ့ရင်လည်း လုပ်ဆောင်ရမယ်။ အောင်နိုင်ခဲ့ရင် ပိုလုပ်ကိုင် နိုင်မယ်လို့ထင်တယ်။
မေး။ ။ အရင်ကရော နိုင်ငံရေးအနေနဲ့ လှုပ်ရှားမှု ရှိခဲ့လားဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ အရင်က နိုင်ငံရေး အနေနဲ့ လှုပ်ရှားမှု လုံးဝမရှိခဲ့ဘူး။ ဒါပေမဲ့ အမျိုးသားရေး အတွက်ကတော့ အမြဲတမ်း လုပ်ရှားပေးနေတယ်။
မေး။ ။ မွန်အမျိုးသားပါတီအနေနဲ့ အတိုက်ခံပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ အလံပုံခြင်း တူနေတဲ့အပေါ် မဲအောင်နိုင်ရေးနဲ့စည်းရုံးရေး အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ မွန်အမျိုးသားပါတီက သိပ်ပြီး စည်းရုံးစရာမလိုပါဘူး။ ကိုယ့်ပါတီတံဆိပ်ကလည်း ကလေးကအစသိတယ်။ ကြယ်နဲ့ဟင်္သာဖြစ်တဲ့အတွက် မွန်ဆိုရင် ဟင်္သာပါတာကို လူတိုင်းက သိလို့သိပ်ပြီးစည်းရုံးစရာမလိုပါဘူး။ မွန်လူမျိုးတွေ့က ဟင်္သာနဲ့ မစိမ်းတဲ့အတွက် ဟင်္သာကို သူတို့ကမဲပေးကျမှာဘဲ။ ဒါပေမဲ့ NLDကိုမဲပေးတဲ့သူတွေက မှားပြီးတော့ မွန်အမျိုးသားပါတီကို ထည့်ကျမယ်ဆိုရင်တော့ သူတို့ပါတီအတွက် နစ်နာစရာရှိတာပေါ့ ကျွန်မတို့ပါတီအနေနဲ့ ဝမ်းသာစရာပေါ့။
ကိုယ်ရေးအကျဉ်း
အမည် - ဒေါ်ပန်းရီ
ပါတီအမည် - မွန်အမျိုးသားပါတီ
ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာ - တနင်္သာရီတိုင်းဒေသကြီး/ကော့သောင်း မဲဆန္ဒနယ် (၂)
မွေးသက္ကရာဇ် - ၁.၆. ၁၉၅၈
အသက် - ၅၇ နှစ်
ပညာအရည်အချင်း - ၁၀ တန်း
အလုပ်အကိုင် - စျေးရောင်း
လူမျိုး - မွန်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓဘာသာ
ဒေါ်ပန်းရီ မွန်အမျိုးသားပါတီ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကော့သောင်း မဲဆန္ဒနယ် (၂) မွေးသက္ကရာဇ် = ၁.၆.၁၉၅၈ အသက် = ၅၇ ပညာအရည်အချင်း = ဆယ်တန်း အလုပ်အကိုင် = စျေးရောင်း ကိုးကွယ်သည့်ဘာသာ = ဗုဒ္ဓ လူမျိုး = မွန်





