အဆိုပါသေဆုံးသူအများစုမှာ ကျောက်အစွန်အဖျားဆီသို့ သွားရာမှ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဇင်းကျိုက်တောင်တွင် သီတင်းသုံးနေသော အရှင်ဦးဇောတိက “ဒီနှစ်ကတော့ ငါးဦးဆိုတော့ အရေ အတွက်ကတော့ နည်းနည်းများသွားတာပေါ့။ အရင်နှစ်တွေကတော့ ၂ဦး၊ ၃ဦး အဲဒါကတော့ ပုံမှန်ပဲ။ နှစ်တိုင်းလိုလို လပြည့်ကျော်တစ်ရက်နေ့ဆိုရင် လပြည့်နေ့ထက်ကိုပိုပြီးတော့ စည်ကားတာ။ ဒီလပြည့် ကျော် တစ်ရက်နေ့လည်းကျရော လပြည့်နေ့ရဲ့ သုံးပုံတစ်ပုံလောက်ပဲ လာတော့တယ်။ အင်တာနက် တွေပေါ်ပါသွားတော့ ကြောက်လန့်ပြီးတော့ မိဘတွေကနေ စိုးရိမ်ပြီး မလွှတ်တော့တာလားတော့ မသိဘူး။ အခုထိ တော်တော်တော်လေးကို ခြောက်ကပ်သွားတာပေါ့”ဟု မိန့်သည်။
ယခုနှစ်အတွင်း လူငါးဦးထက်မက သေဆုံးခဲ့ပြီးနောက်ပိုင်း လာရောက်လည်ပတ်သူနည်းပါးသွား ကြောင်း၊ ယခုအခါအန္တရာယ်ရှိ နိုင်သော နေရာများသို့ မသွားနိုင်ရန် အချို့သော ကျောက်အစွန်နေရာ များကို ပိတ်ပင်ထားသည်ကိုလည်း တွေ့ရှိရသည်။
“လူသေတယ်ဆိုတဲ့ သတင်းပြန့်ပြီးတဲ့နောက်ပိုင်း လာတဲ့သူတွေ လုံးဝပြတ်သွားတယ်၊ လူတွေက ကြောက်ကြတာလား၊ တချို့က ရေတံခွန်ပိတ်တယ်လို့လည်း ပြောနေကြတော့ လာတဲ့သူတချို့လည်း ဟုတ်မဟုတ် မေးကြတယ်။ လပြည့်နေ့လွန်ပြီးကတည်းက လာတဲ့သူတွေ နည်းသွားတယ်။ ဝါမဝင်ခင် တုန်းကဆိုရင် ဆိုင်ကယ်အပ်တဲ့နေရာတွေမှာ အမြဲတမ်း တဝက်ကျော်ကျော် လောက်ရှိနေ တယ်။ အရင်ကဆို ဆိုင်ကယ်အပ်တဲ့နေရာတွေမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ပြည့်နေတယ်။ အခုတော့ တော်တော်နည်းသွား တယ်”ဟု ရေတံခွန်နား ဈေးရောင်းနေသူ ဒေါ်အေးက ပြောသည်။
ထိုသို့ သေဆုံးသူအများစုတွင် အရက်သေစာမူးယစ်သောက်စားထားသူများဖြစ်ကြောင်း ရေတံခွန် အနီးတွင် စာသောက်ဆိုင်များရှိနေပြီး အရက်၊ ဘီယာရောင်းချမူတွေလည်း ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
လာရောက်လည်ပတ်သူ ကိုအောင်မျိုးသူက “အဖြစ်များတာကတော့ ကျွန်တော်ထင်တာပေါ့နော်။ သောက်တဲ့သူတွေ လာရင်တော့ အဆင်မပြေဘူး။ ခဲလုံးတွေက ရေညှိတွေ တက်နေတယ်ဆိုတော့ ချောနိုင်တာပေါ့။ ပြီးတော့ ပျော့ပျောင်းတဲ့အရာတွေ မရှိဘူး၊ သာမန်လူတွေ တောင်ချောတယ်၊ ကျွန်တော်တောင် ခုနက ချော်လဲသေးတယ်။ မူးနေတယ်ဆိုရင်တော့ ချောကျရင် အသက်အန္တရယ်ပိုရှိ နိုင်တယ်။ အဓိက ကျွန်တော်ထင်တာကတော့ မူးလို့ ဖြစ်တာပေါ့နော်။ မမူးဘူးဆိုရင်တော့ ကြီးကြီးမားမား အသက်အန္တရာယ် မဖြစ်လောက်ဘူးလို့ထင်ပါတယ်”ဟု ပြောသည်။
ယခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်းတွင် ဈေးဆိုင်ခန်းများ ကို ဆောက်လုပ်ပေးခဲ့သည်။
အဆိုပါ ကျောက်သဘောင်္ရေတေံခွန်တွင် နှစ်စဉ်သေဆုံးမူများဖြစ်ခဲ့သည့်အနက် ယခုနှစ်သေဆုံးမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ်အတွင်း အထင်ကရ နေရာများတွင်း ဇင်းကျိုက် ကျောက်သဘောင်္ရေတေံခွန်လည်း တစ်ခုအပါအဝင် ဖြစ်သည်။







