စစ်တပ်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကချင်အာဇာနည်နေ့မှာ KIO တိုက်တွန်း

စစ်တပ်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကချင်အာဇာနည်နေ့မှာ KIO တိုက်တွန်း

- ဟူးကောင်းဒေသ လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာက ရွာသား ၄ ယောက်ကို ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့အမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။

- မြစ်ဆုံဒေသမှာ ရွှေတူးဖော်မှုတွေဆက်တိုက်တိုးလာတာဟာ ရေကာတာစီမံကိန်းနဲ့ ဆက်စပ်မှုမရှိသလို မြစ်ဆုံရေကာတာစီမံကိန်းလုပ်ငန်းနဲ့ပတ်သက်ပြီး မြေပြင်မှာ ထူးခြားပြောင်းလဲမှုမရှိဘူးလို့ မြစ်ဆုံဒေသခံတွေက ဆိုပါတယ်။ 

- နိုင်ငံရေးရပ်တည်ချက်တူညီတဲ့ အင်အားစုတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ပြည်သူလူထုက အားပေးထောက်ခံဖို့နဲ့ စစ်တပ်အနေနဲ့လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကချင်အာဇာနည်နေ့မှာ KIO က တိုက်တွန်းပြောဆိုလိုက်ပါတယ်။