ချင်းပြည်နယ်က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဒဏ် အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသဖြစ်

ချင်းပြည်နယ်က စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဒဏ် အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသဖြစ်

- အာဏာသိမ်းစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ပြီး ချင်းပြည်နယ်က လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ဒေသဖြစ်တယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP)က ပြောပါတယ်။ 

- ချင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အထိနာ၊ တပ်လန်ခဲ့ရပြီးနောက် ဒုတိယအကြိမ် ထိုးစစ်ဆင်နိုင်ရေးအတွက် စစ်ယာဉ်တန်း ၂ ကြောင်းနဲ့ အင်အားရာချီ ထပ်မံဖြည့်တင်းလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

- အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုကြောင့် အခုနှစ် ၆ လအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အမျိုးသမီး ၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ-BWU က ပြောပါတယ်။

September 17, 2026
- ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကျောင်းလခတိုးမြင့်ကောက်ခံလာမှုကြောင့်...
September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...
September 15, 2026
- စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်မှာ သမိုင်းဝင်ဘုရားပုထိုးတွေ...