နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေကြောင်း ဇူလိုင် ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
အဆိုပါ ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းမှာ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် မြင့်မား ခြင်းနှင့် ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ကုန်ဈေးနှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ တင်သွင်းခွင့် ပိတ်ဆို့မှုများနှင့် ငွေကြေး ဖောင်း ပွမှုကြောင့် ဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ရန် ပြောဆိုသော်လည်း ကုန်ကြမ်းတင်သွင်းခွင့် ကန့် သတ်ချက်များကြောင့် အခက်အခဲရှိနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ထောက်ပြပြောဆိုသည်။
“သူတို့အားလုံးကို ပိတ်ဆို့ထားတယ်။ တင်သွင်းခွင့်တွေ အားလုံးပိတ်ထားတာ ဖြစ်တဲ့အတွက်လေ တရားဝင်မှုကို ခွင့်မပြုတဲ့ အတွက်ကြောင့် တရားမဝင် ဖြစ်တဲ့အတွက် အဲဒါလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုပဲ၊ နောက်တစ်ခု က လည်း ငွေကြေး အကြီးအကျယ် ဖောင်းပွမှုပေါ့။ တချို့ဟာတွေက အခြေခံ ကုန်ကြမ်းတွေ အားလုံး နိုင်ငံခြား က တင်သွင်းရတာ ဖြစ်တယ်။ အဲဒီ တင်သွင်းခွင့်တွေ အားလုံး ကန့်သတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြည် တွင်းမှာ ဘာကို သွားထုတ်လို့ ရမှာလဲ။ ဘယ်လိုမှ ထုတ်ကုန်ကို တိုးမြှင့်ပြီး ထုတ်နိုင်ဖို့ မဖြစ်နိုင်ဘူး။”
၎င်းလုပ်ငန်းရှင်က ကုန်ဈေးနှုန်းကျဆင်းစေရန် အတွက် မလိုလားအပ်သော မူဝါဒများနှင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်နှင့် လုံခြုံရေးအကြောင်းပြ၍ ဂိတ်များတွင် ငွေကြေးအဆမတန် တောင်းခံနေမှုများကို ထိရောက်စွာ အရေးယူပေးရန် လိုအပ်ကြောင်း ဆက်လက်ပြောဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်းမှာ အနည်းဆုံး ၅ ဆမှ ၁၀ ဆဝန်းကျင်အထိ မြင့်တက်လာခြင်းကြောင့် ပြည်သူများမှာ စားဝတ်နေရေးအတွက် အလွန်ရုန်းကန်နေရသည်။
မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေအောင် ကြိုးစားနေရသည့် ဒေသခံပြည်သူတစ်ဦးက “အခုက ဆန် ဈေးကတော့ တက်တယ်၊ အန်တီတို့ရဲ့ မိသားစုတွေကျတော့ ဆန်က အဓိကဘဲလေ။ အဓိကဆိုတော့ ဆန်က အခု ပေါ်ဆန်းမွှေးဆို ၇၀၀၀ ဖြစ်သွားပြီ။ ဆန်မာဆိုရင်ပေါ့ ၄၀၀၀ ဖြစ်သွားပြီ။ ဟိုတုန်းကဆို သူက ၃၀၀၀ ပဲ ရှိ တယ်။ ပေါ်ဆန်းမွှေးဆိုရင် ဟိုတုန်းက ၅၀၀၀ ပဲ ရှိတယ်။ အခုကျတော့ ဒီရက်တွေထဲမှာ တက်တော့ အဓိက ကျတော့ ဆန်လေး နပ်မှန်အောင်ပဲ ရုန်းရတာပေါ့။ စားစရာတွေကျတော့ ဒီလိုမျိုးပဲ အဆင်ပြေအောင် စားကြ တာပေါ့” ဟု ပြောသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မေလအတွင်း ထုတ်ပြန်ချက်အရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများနှင့် ပဋိပက္ခဒဏ်သင့်သူများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ပျက်စီးမှု ကြောင့် နေ့စဉ်ရပ်တည်ရေး ပိုမိုခက်ခဲကြမ်းတမ်းလာနေသည်။
၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူ ဦးရေ ၁၆ သန်း အထိ ရှိလာကြောင်းလည်း ထုတ်ပြန်ထားသည်လ







