လက်နက်တိုက်ပုံ လိုင်းပေါ်တင်တဲ့ ရေးတပ်က တပ်ကြပ်ကြီးပါသုံးဦး ထောင် ၇ နှစ် ချမှတ်ခံရ

လက်နက်တိုက်ပုံ လိုင်းပေါ်တင်တဲ့ ရေးတပ်က တပ်ကြပ်ကြီးပါသုံးဦး ထောင် ၇ နှစ် ချမှတ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းက လက်နက်တိုက်ပုံ လိုင်းပေါ်တင်တဲ့ တပ်ကြပ်ကြီးပါ သုံးဦးကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ခမရ ၅၈၇ တပ်ရင်းက လက်နက်တိုက် တာဝန်ခံ တပ်ကြပ်ကြီး မျိုးအောင်နဲ့တပ်သား ၂ ဦးတို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ခုံရုံးကနေ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

လက်နက်တိုက် တာဝန်ခံ တပ်ကြပ်ကြီး မျိုးအောင်ဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ခမရ ၅၈၇ တပ်ရဲ့ လက်နက်တိုက်ပုံကို ဓာတ်ပုံရိုက်ကူးပြီး သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်ဖြန့်ဝေခဲ့တာပါ။

လက်နက်တိုက်ပုံ လိုင်းပေါ်တင်မှုကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအမိန့်နဲ့ စုံစမ်းစစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့မှာ လက်နက်တိုက် တာဝန်ခံ တပ်ကြပ်ကြီး မျိုးအောင်နဲ့ တာဝန်ကျ ရဲဘော် နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် တပ်ကြပ်ကြီး မျိုးအောင်နဲ့ တာဝန်ကျ ရဲဘော် နှစ်ဦးကို တပ်တွင်း စစ်လက်နက်ပစ္စည်း ပေါက်ကြားမှု တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၅(စ)အရ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...
(ဓာတ်ပုံ - CJ)
August 19, 2026
မွန်ပြည်နယ် လွှတ်တော်တွင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း စစ်အုပ်စု...