မော်လမြိုင် လောင်းကစားဝိုင်းတွေမှာ လွှတ်တော်အမတ်ကြေးဆိုပြီး ပိုက်ဆံတိုးကောက်

မော်လမြိုင် လောင်းကစားဝိုင်းတွေမှာ လွှတ်တော်အမတ်ကြေးဆိုပြီး ပိုက်ဆံတိုးကောက်

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေမှာ လွှတ်တော် ကိုယ်စားလှယ်ကြေးဆိုပြီး ပိုက်ဆံတိုးကောက်လာတယ်လို့ လောင်းကစားခုံ ပိုင်ရှင်တွေထံက သိရပါတယ်။

လောင်းကစားဝိုင်းတွေဟာ အရင်က တစ်ညကို လောင်းကစားဝိုင်း တစ်ခုံလျှင် ကျပ် ၅ သိန်းပေးဆောင်ခဲ့ကြရာမှ လက်ရှိမှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးဖို့အတွက်ဆိုကာ ကျပ် ၅ သောင်း တိုးကောက်လာတာပါ။

လောင်းကစားဝိုင်းတွေက ရရှိတဲ့ ငွေကြေးတွေကို သက်ဆိုင်ရာ အဆင့်ဆင့် ခွဲဝေယူ ကြရာမှ လက်ရှိမှာတော့ ရွေးကောက်ပွဲကတစ်ဆင့် ကိုယ်စားလှယ်တွေ ထွက်ပေါ်လာပြီးနောက် ကိုယ်စားလှယ်ကြေးဆိုပြီး တိုးကောက်လာတာ ဖြစ်ပါတယ်။

လောင်းကစားခုံ ပိုင်ရှင်တစ်ဦးကတော့ လောင်းကစားဝိုင်းတွေမှာ အရင်က သတ်မှတ်ထားတဲ့ အကောက်ကြေးသာ ပေးရရာမှ လက်ရှိမှာတော့ လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ မပြောအောင် နုတ်ပိတ်တဲ့အနေနဲ့ ကိုယ်စားလှယ်ကြေး ပေးနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဖက်မှာတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြီးတဲ့နောက် မွန်ပြည်နယ်မှာ အစိုးရသစ် ပေါ်ပေါက် လာပေမယ့် လောင်းကစားဝိုင်းတွေဟာဆိုရင် ရပ်တန့် သွားတာ မရှိဘဲ ပိုပြီးတော့တောင် လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ခွင့်ပြု လာတာပါ။

အခုလို လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ခိုးဆိုလုနှိုက်မှုတွေ အဖြစ်များ လာတဲ့အပေါ် ဒေသခံတွေ အကြား ဝေဖန်မှုတွေ ရှိနေပေမယ့် ‌ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ နှုတ်ဆိပ်ကာ လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

လက်ရှိ လောင်းကစားဝိုင်းတွေဟာ ဘုရားပွဲတော်တွေ၊ ရာသီအလိုက် ပွဲတော်တွေ၊ ဆွမ်းကြီးလောင်းပွဲတွေ၊ ကထိန်ပွဲတွေ အပြင် အကြောင်းအမျိုးမျိုးပြပြီး ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ တရားဝင်သဖွယ် အကြီးအကျယ် ပြုလုပ်နေကြတာပါ။

လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာတော့ ဆိုင်ကယ်ခိုးမှုတွေ၊ ခိုးဆိုး လုယက်မှုတွေ၊ လူသတ်ပစ္စည်း လုယူမှုတွေ အပြင် မိသားစု အဆင်မပြေမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ် နေရတယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။

မော်လမြိုင်မြို့မှာတော့ လောင်းကစားဝိုင်းတွေဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က တရားဝင် သဖွယ် ခွင့်ပြုခဲ့တာ မရှိပေမယ့် စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း စစ်တပ်ခန့် ဝန်ကြီးချုပ် အဆက်ဆက် လက်ထက်မှာတော့ လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြု လာတာ ဖြစ်ပါတယ်။

Most read this week

ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...
ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...